Thursday, December 26, 2024

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့်...

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု (E)၌ အိမ်ကွင်း(၃)ပွဲ အဝေးကွင်း (၃) ပွဲ နှစ်ကျော့စနစ်ဖြင့်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ ရောက်ရှိနေသည့် သူမစစ်‌ရှောင်များစာရင်းကို မြေပြင်ကူညီဆောင်ရွက်နေသူများက ယနေ့တွင် ပထမအကြိမ် ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဘေးရှောင်များကို ရွှေကူမြို့...

ကျိုက်မရော ချောင်းနှစ်ခွ ဒေသခံစစ်ရှောင်များ တစ်နှစ်ကျော်ကြာသည်အထိ...

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုမှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း မော်လမြိုင်မြို့သို့ တိမ်းရှောင်‌နေသူ စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊...

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ၊ခရီးစဉ်အချို့ ကြန့်ကြာ

ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင်...
HomeInternationalVogue မဂ္ဂဇင်းမျက်နှာဖုံးပိုင်ရှင်တစ်ဖြစ်လဲ ယူကရိန်းသမ္မတ‌ကတော်

Vogue မဂ္ဂဇင်းမျက်နှာဖုံးပိုင်ရှင်တစ်ဖြစ်လဲ ယူကရိန်းသမ္မတ‌ကတော်

Vogue မဂ္ဂဇင်းမျက်နှာဖုံးပိုင်ရှင်တစ်ဖြစ်လဲ ယူကရိန်းသမ္မတ‌ကတော်

ယူကရိန်းသို့ ရုရှားဝင်ရောက်ခဲ့သည်မှာ ၁၅၄ ရက်ရှိပြီဖြစ်ပြီး နိုင်ငံအတွက်လဲ မရေမတွက်နိုင်သော ပျက်စီးမှုများနှင့် အသေအပျောက် အများအပြားရှိခဲ့သည်။ဤကဲ့သို့စစ်ပွဲကြားတွင် ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးနှင့် ၎င်း၏ဇနီး အိုလီနာ ဇလန်စကာတို့သည် Vogue မဂ္ဂဇင်း၏ မျက်နှာဖုံးရှင်များအဖြစ် ပါဝင်လာခဲ့သည်။ ပဋိပက္ခများကြားတွင် ဓာတ်ပုံရိုက်ခြင်းက အဓိပ္ပာယ်မဲ့ပုံပေါက်နေသော်လည်း Vogue မဂ္ဂဇင်းက ယူကရိန်းသမ္မတကတော်အား “နိုင်ငံ၏ အဓိကကစားသမား နှင့် နိုင်ငံ့မျက်နှာစာအဖြစ်” ဖော်ပြခဲ့သည်။

ယခုတစ်ကြိမ်မဂ္ဂဇင်းထုတ်ဝေမှုအား “ရဲရင့်ခြင်း၏ပြယုဂ်” ဟု အမည်ပေးထားပြီး စစ်သားများနှင့် အပျက်အစီးများကြားရှိ သမ္မတကတော် ဇလန်စကာအား မျက်နှာဖုံးရှင်‌နေရာတွင် တင်ထားခဲ့သည်။Vogue က ၎င်း၏ Instagram ၌မျှဝေထားသည့် အခြားပုံတစ်ပုံတွင် ဇလန်စကာသည် အဖြူရောင်အင်္ကျီနှင့် ပေါ့ပါးသည့်အနက်ရောင်ဘောင်းဘီကို ၀တ်ဆင်ထားပြီး သမ္မတရုံးအတွင်း၌ ထိုင်နေသည်ကိုတွေ့ရသည်။

၎င်းတို့စုံတွဲသည် မဂ္ဂဇင်းနှင့် အကြောင်းအရာများစွာကို ဆွေးနွေးခဲ့ကြကာ အိမ်ထောင်သက် အနှစ်၂၀နီးပါးအတွင်း သူတို့မျှဝေခံစားခဲ့ရ‌ေသာအတိတ်ကာလဖြစ်ရပ်များကိုပြန်ပြောင်းပြောပြခဲ့သည်။စစ်ပွဲကာလအတွင်း အန္တရာယ်ရှိသဖြင့် ကလေးများနှင့်ခွဲနေရစဉ် နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် ၎င်းတို့နှစ်ဦး၏ရုန်းကန်နေရမှုများကိုလည်း ပြောပြခဲ့သည်။သမ္မတနှင့် သမ္မတကတော်တို့သည်ယူကရိန်းရှိ Vogue အဖွဲ့သားများနှင့်လူချင်းတွေ့ဆုံအင်တာဗျူးခဲ့ခြင်းဖြစ်သည်။

Vogue က Instagram တွင် သမ္မတကတော်၏ဓာတ်ပုံအား တင်ခဲ့ပြီး “ယူကရိန်းစစ်ပွဲဟာအရေးကြီးတဲ့ အဆင့်သစ်တစ်ခု ကိုရောက်ရှိလာချိန်မှာ နိုင်ငံရဲ့သမ္မတကတော် အိုလီနာဇလန်စကာ ဟာလည်းရှေ့တန်း သံတမန်တစ်ဦး ဖြစ်လာခဲ့ပြီး သူမ၏နိုင်ငံသားများတွင်လည်း စိတ်ပိုင်းဆိုင်ရာဆုံးရှုံးမှုများကိုရင်ဆိုင်နေရသည်”ဟုရေးသားခဲ့သည်။

သမ္မတကတော်သည် မေလ ၈ ရက်နေ့အမေများနေ့က ယူကရိန်းအနောက်ပိုင်းရှိ ရွှေ့ပြောင်းဒုက္ခသည်များအတွက် နေထိုင်ရာနေရာသို့ အမေရိကန်သမ္မတကတော် ဂျေးလ်ဘိုင်ဒင် နှင့် လာရောက်တွေ့ဆုံကာ လူအများမြင်ကွင်းသို့ ထွက်ပေါ်လာခြင်းက သူမအနေဖြင့် နိုင်ငံတွင်ရှိပြီးအများအကျိုးအတွက် လုပ်ဆောင်နေကြောင်း ပြယုဂ်တစ်ခုဖြစ်ခဲ့သည်။

ထို့အပြင်ဇလန်စကာသည် ယူကရိန်းအရှေ့တောင်ပိုင်း Kryvyi Rih ရှိ အထက်တန်းကျောင်းတွင် သူမနှင့် သူမ၏ခင်ပွန်းတို့ တွေ့ဆုံခဲ့ပုံကို ဖော်ပြခဲ့ပြီး ၎င်းတို့နှစ်ဦးသည် တက္ကသိုလ်တက်စဉ်ကတည်းက ချစ်ခဲ့ကြခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

သမ္မတဇလန်းစကီး နိုင်ငံရေးလမ်းလျှောက်လှမ်းရန်ရွေးချယ်ခဲ့စဉ်က သူမအနေဖြင့်သဘောမကျခဲ့ကြောင်းလည်းပြောကြားခဲ့သည်။”ကျွန်မအနေနဲ့သူ့ရဲ့ရွေးချယ်မှုနဲ့ဆုံးဖြတ်ချက်ကိုလေးစားပါတယ်၊ဒီလမ်းကိုရွေးချယ်တာဟာ သူ့အတွက်အရေးကြီးတယ်ဆိုတာလည်းနားလည်တယ်၊ဒါပေမဲ့တစ်ချိန်တည်းမှာပဲ ကျွန်မနဲ့ကျွန်မတို့မိသားစုဘဝလည်း လုံးလုံးလျားလျားပြောင်းလဲသွားတော့မယ်ဆိုတာပါ သဘောပေါက်ခဲ့တယ်” ဟုဆိုသည်။

“အဲ့ဒီအပြောင်းအလဲကလည်း ကြာရှည်ပြီး အတော်လေးရှုပ်ထွေးမယ်၊ အလုပ်တွေ၊တာဝန်‌တွေအများကြီးရှိလာမယ်ဆိုတာ ကြိုသိထားပြီးသားပါ” ဟုသူကပြောပြခဲ့သည်။အင်တာဗျူးအတွင်း ဇလန်စကာ၏ အသာယာဆုံးဘဝ အခိုက်အတန့်များဖြစ်သည့် စစ်မဖြစ်မီနှစ်များနှင့် သူ၏ခင်ပွန်းသမ္မတတာဝန်မထမ်းဆောင်မီကာလများကို ရောက်လာခဲ့သည်။ယခုအချိန်တွင် ယူကရိန်းရှိလူအားလုံးကဲ့သို့ပင် သူသည်လည်း ပုံမှန်ဘဝကိုသာပြန်လိုချင်ကြောင်းပြောကြားခဲ့သည်။

သူမ၏အင်တာဗျူးအပြည့်အစုံကို Vogue ၏ အောက်တိုဘာလထုတ်တွင် ဖတ်ရှုနိုင်မည်ဖြစ်သည်။

သမ္မတဇလန်းစကီးသည် ၎င်း၏နိုင်ငံအား ကျူးကျော်မှုကို ကိုင်တွယ်ပုံအတွက် တစ်ကမ္ဘာလုံးက ချီးကျူးမှုကို ရရှိထားသော်လည်း ဆိုရှယ်မီဒီယာအသုံးပြုသူများသည် ၎င်း၏ဓာတ်ပုံရိုက်ကူးမှုနှင့် ပတ်သက်၍ ခံစားချက်များ ရောထွေးနေကြသည်။အချို့သော အသုံးပြုသူများသည် အကျပ်အတည်းကာလတွင် ဓာတ်ပုံရိုက်ခြင်းအတွက်ဝေဖန်နေကြစဉ် အချို့သောသူများကမူ “ချစ်စရာစုံတွဲ” ဟုချီးကျူးဂုဏ်ပြုခဲ့ကြသည်။

Ref 1 : Wio News
Ref 2 : Vogue

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု (E)၌ ယှဉ်ပြိုင်ကစားရမည်

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု (E)၌ အိမ်ကွင်း(၃)ပွဲ အဝေးကွင်း (၃) ပွဲ နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအသင်းအနေဖြင့် အဆိုပါ အုပ်စုပွဲစဉ်များကို လာမည့် ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလအတွင်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းနှင့်အတူ အုပ်စု(E)၌ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် အသင်းတို့ ကျရောက်နေသည်။ ပွဲစဉ်များအနေဖြင့် မြန်မာ့အသင်းသည် ၂၀၂၅ ခုနှစ်မတ်လ (၂၅)ရက်၌...

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ရောက်ရှိနေသည့် စစ်ရှောင်များစာရင်း ပထမအကြိမ် ထုတ်ပြန်

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ ရောက်ရှိနေသည့် သူမစစ်‌ရှောင်များစာရင်းကို မြေပြင်ကူညီဆောင်ရွက်နေသူများက ယနေ့တွင် ပထမအကြိမ် ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဘေးရှောင်များကို ရွှေကူမြို့ နာ‌ရေးကူညီမှုအသင်းက လက်ခံစောင့်ရှောက်ထားပြီး၊ ၎င်းတို့အနေဖြင့် ဘေးကင်းလုံခြုံကာရှိနေပြီး ကျန်းမာရေးစောက်ရှောက်မှုအပါအဝင် စားသောက်ရေးများအတွက်ပါ ဆောင်ရွက်ထားရှိကြောင်း သိရသည်။ အဆိုပါ စာရင်းအတွင်း ပါရှိသော ဝေးကွာမိသားစုများ စိတ်ပူနေခြင်းမှ ကင်းဝေးရန် တင်ပြပေးခြင်းဖြစ်ပြီး ၊ ယင်းအနက် မန္တလေးမြို့သို့ ထပ်မံလိုက်ပါလိုသူများလည်း စာရင်းပေးသွင်းနိုင်သည်ဟု အသိပေးထားသည်။ ထို့အပြင် ယခုလ ဒီဇင်ဘာ (၂၄)ရက်က ဗန်းမော်မြို့ သိမ်တော်ကြီးကျောင်းဝန်းနှင့် သာသနာ့ဗိမ္မာန်အတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့်...

ကျိုက်မရော ချောင်းနှစ်ခွ ဒေသခံစစ်ရှောင်များ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုမှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း မော်လမြိုင်မြို့သို့ တိမ်းရှောင်‌နေသူ စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း အဆိုပါ ဒေသတွင် တပ်မတော်နှင့် ဒေသတွင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ ဒေသခံထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်ကြောင်း ဆိုသည်။ " အခု ‌ရွာ(ချောင်းနှစ်ခွ)မှာက နေတဲ့သူတွေနေပြီဆိုပေမယ့် အရေအတွက် နည်းသေးတာပေါ့။ ပြန်မနေသေးတဲ့ သူတွေက တိုက်ပွဲဖြစ်မှာဆိုးတာရော။ အိမ်ပြန်ဆောက်ဖို့ မတတ်နိုင်သေးတာရောကြောင့် မပြန်ကြတာပေါ့။ အဓိက ကကြောက်နေသေးတာပေါ့။ ရွာမှာတော့ပြန်လည်ထူထောင်ရေးလုပ်နေတယ်လို့ကြားရပေမယ့် အားလုံးစိတ်ချရမှပြန်ရဲမှာ"ဟု ၎င်းက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071