Saturday, November 23, 2024

ရွှေဘိုမြို့ စက်မှုဇုန်နှင့် စက်သုံးဆီ အရောင်းဆိုင်များအား...

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စက်မှုဇုန်ရှိစက်ရုံ၊ အလုပ်ရုံနှင့် စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် နိုဝင်ဘာလ(၂၁)ရက်တွင် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့...

ယာယီနေရပ်စွန့်ခွာ ကျောင်းသားများအတွက် ကျောင်းအပ်နှံရာ၌ ဖြေလျှော့မှုများ...

ယာယီနေရပ်စွန့်ခွာ ကျောင်းသားများအတွက် ရောက်ရှိရာဒေသမှ ကျောင်းများသို့ ဝင်ရောက်ပညာသင်ကြားနိုင်ရန် ကျောင်းအပ်နှံရာ၌ ဖြေလျှော့မှုများ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်၊...

နှစ်နိုင်ငံ နယ်စပ်ဂိတ်များကိစ္စ မြန်မာလဝက ဝန်ကြီးနှင့်...

မြန်မာ - တရုတ်နယ်စပ်ရှိ နယ်စပ်ဂိတ်များ ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေးကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ ကူမင်းမြို့၌ တွေ့ဆုံစဉ်...

တန်ဆောင်တိုင် ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ အပန်းဖြေလည်ပတ်သူ...

ပြီးခဲ့သည့် တန်ဆောင်တိုင် ပိတ်ရက်ကာလအတွင်း ခရီးသွားဝင်ရောက်မှုအနေဖြင့် ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၉,၆၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲထံမှ သိရသည်။ ယခင်...
HomeNewsLocal NewsWFP က ၂၀၂၅...

WFP က ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့လူဦးရေ (၂) သန်းခန့်ကို အကူအညီများ ပေးအပ်ရန် စီစဉ်ထား

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme – WFP) အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ လူဦးရေ (၂) သန်းကို အရေးပေါ်ကယ်ဆယ်ရေး၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဉ်များမှတစ်ဆင့် အကူအညီပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ အစီအစဉ်များကို Mr. Michael John Dunford မှ ဦးဆောင်သွားမည်ဖြစ်ပြီး ၎င်းသည် WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရန် နိုဝင်ဘာ (၂၀) ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေထံ ၎င်း၏ ခန့်အပ်လွှာကို လာရောက်ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ လာရောက်ပေးအပ်စဉ် Mr. Dunford က ၎င်း၏ ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် နေရာဒေသအစုံက အရေးပေါ် အကူအညီ လိုအပ်နေသူများထံ WFP ၏ အထောက်အပံ့များ ပေးအပ်နိုင်ရေး ဘက်ပေါင်းစုံမှ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် နည်းလမ်းအမျိုးမျိုးမှ တစ်ဆင့် ကြိုးစားဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက မြန်မာနိုင်ငံသူ နိုင်ငံသားများဆီတွင် အံ့သြရလောက်သည့် ကြံ့ကြံ့ခံနိုင်ရည်နှင့် မျှော်လင့်ချက်များ ရှိကြသည်ကိုတွေ့ရသည့်အတွက် အထင်ကြီးလေးစားမိကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ အကူအညီများကို ပေးအပ်နိုင်ရန် ရပ်ရွာလူထု ဒေသခံအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း WFP က အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေဘိုမြို့ စက်မှုဇုန်နှင့် စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စက်မှုဇုန်ရှိစက်ရုံ၊ အလုပ်ရုံနှင့် စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် နိုဝင်ဘာလ(၂၁)ရက်တွင် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးရာတွင် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက စက်မှုဇုန်မှ တည်ဆောက်ဆဲနှင့်တည်ဆောက်ပြီး စက်ရုံ (၅) ရုံအား မီးဘေးလုံခြုံရေးစစ်ဆေးအကြံပြုခြင်း နှင့် Fire Safety Certificate ရယူဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် လက်တွေ့မီးငြိမ်းသတ်နည်းများကို သရုပ်ပြလေ့ကျင့်ပေးခဲ့ပြီး မီးဘေးဖြစ်ပေါ်လာပါက မီးသတ်ဦးစီးဌာနသို့အချိန်မီ သတင်းပို့ရန်နှင့် မီးဘေးအန္တရာယ်စီမံချက်ရေးဆွဲထားရန်၊ ဆွေးနွေးအကြံပြုစစ်ဆေးခဲ့ကြောင်း...

ယာယီနေရပ်စွန့်ခွာ ကျောင်းသားများအတွက် ကျောင်းအပ်နှံရာ၌ ဖြေလျှော့မှုများ စီစဉ်ဆောင်ရွက်ပေးထား

ယာယီနေရပ်စွန့်ခွာ ကျောင်းသားများအတွက် ရောက်ရှိရာဒေသမှ ကျောင်းများသို့ ဝင်ရောက်ပညာသင်ကြားနိုင်ရန် ကျောင်းအပ်နှံရာ၌ ဖြေလျှော့မှုများ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်၊ ကောလိပ်များ စတင်ဖွင့်လှစ်တော့မည် ဖြစ်သည့်အချိန်တွင် ယာယီနေရပ်စွန့်ခွာ ကျောင်းသားများအတွက် ယင်းကဲ့သို့ စီစဉ်ပေးထားခြင်း ဖြစ်သည်ဟု နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖြေကြားထားသည်။ ယာယီနေရပ်စွန့်ခွာ ကျောင်းသားများ ကျောင်းအပ်နှံသည့်အခါ တက္ကသိုလ်များမှ နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်သည့်အခါတွင် ဘွဲ့လက်မှတ် ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းအပ်နှံသူ၏ မိဘမှတ်ပုံတင် မိတ္တူများလိုအပ်ပြီး မိဘများ၏ မှတ်ပုံတင်မိတ္တူများ မပါလျှင်လည်း...

နှစ်နိုင်ငံ နယ်စပ်ဂိတ်များကိစ္စ မြန်မာလဝက ဝန်ကြီးနှင့် တရုတ် လုံခြုံရေးဒုဝန်ကြီးတို့ ကူမင်း၌ ဆွေးနွေး

မြန်မာ - တရုတ်နယ်စပ်ရှိ နယ်စပ်ဂိတ်များ ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေးကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ ကူမင်းမြို့၌ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Xu Ganlu နှင့်အဖွဲ့ကို ယမန်နေ့နံနက်ပိုင်းက ယူနန်ပြည်နယ်ကူမင်းမြို့ရှိ Double Tree Hilton ဟိုတယ် Shang Shui Ballroom အစည်းအဝေးခန်းမ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071