Friday, January 3, 2025

တာချီလိတ်မြို့ ပလက်ဖောင်းပေါ်တွင် ရောင်းချနေသည့် ဈေးဆိုင်များကို...

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ပလက်ဖောင်းများတွင် စည်းကမ်းမဲ့ရောင်းချနေသည့် ဈေးဆိုင်များ၏ ဆိုင်းဘုတ်နှင့် ကုန်ပစ္စည်းများကို ယမန်နေ့ ဇန်နဝါရီ(၂)ရက် ညနေပိုင်းအချိန်၌ ပထမအကြိမ် သတိပေးဖယ်ရှားရှင်းလင်းခဲ့ကြောင်း...

လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပမှု တိုက်ရိုက်ထုတ်လွှင့်မည်

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံ...

ကနဦးရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၆၁) သန်းစီမံကိန်းများအတွက် MOU...

မြန်မာ့လယ်ယာထွက်ကုန်စည်များ ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုနိုင်ရန် ဆိပ်ကမ်းတံတားများနှင့် ကုန်ကိုင်တွယ်စက်ကိ ရိယာများကို ပူးပေါင်းရင်းနှီးမြှုပ်နှံတိုးချဲ့တည် ဆောက်နိုင်ရေးစီမံကိန်းများအတွက် ကနဦးရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၆၁)သန်းရှိ MOU များကို...

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဆင့်မြင့်တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနဖြစ်သော Judicial...

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပြည်ထောင် စုတရားလွှတ်တော်ချုပ်၏ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဆင့်မြင့်တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနဖြစ်သော Judicial College အဆောက်အဦသစ်အား ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းက...
HomeNewsLocal NewsYangon 2025 Countdown...

Yangon 2025 Countdown Festival ကို လာရောက်ကြည့်ရှုမည့် ပြည်သူများ သွားလာရေး အဆင်ပြေစေရန်YBS ယာဉ်များ စီစဉ်ဆောင်ရွက်ထား

ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်မည့် Yangon 2025 Countdown Festival ကို လာရောက်ကြည့်ရှုမည့် ပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် YRTC မှ YBS ယာဉ်များ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။

2025 Yangon New Year Countdown ပွဲတော်ကို (ဒီဇင်ဘာလ ၃၁ ရက်)၊ နေ့လည် (၁၂)နာရီမှစတင်၍ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းပွဲတော်သို့ လာရောက်ဆင်နွှဲကြသူများ အပြန်ခရီးစဉ်အဆင်ပြေစေရေးအတွက် YBS ယာဉ်လိုင်း (၇)လိုင်း ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ပွဲတော်သို့ လာရောက်သူများအတွက် ယာဉ်လိုင်း (၇)လိုင်းဖြစ်သည့် YBS (21) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နှင့် YBS (8)တို့ကို ဒီဇင်ဘာလ ၃၁ ရက်၊ ည (၉)နာရီမှ ည (၁၂)နာရီအထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

2025 Yangon New Year Countdown ပွဲတော်တွင် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့က ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးရှူးမီးပန်းပစ်ဖောက်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တာချီလိတ်မြို့ ပလက်ဖောင်းပေါ်တွင် ရောင်းချနေသည့် ဈေးဆိုင်များကို ပထမအကြိမ် ဖယ်ရှား

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ပလက်ဖောင်းများတွင် စည်းကမ်းမဲ့ရောင်းချနေသည့် ဈေးဆိုင်များ၏ ဆိုင်းဘုတ်နှင့် ကုန်ပစ္စည်းများကို ယမန်နေ့ ဇန်နဝါရီ(၂)ရက် ညနေပိုင်းအချိန်၌ ပထမအကြိမ် သတိပေးဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။ အဆိုပါ စည်းကမ်းမဲ့ဈေးဆိုင်များ ဖယ်ရှားရှင်းလင်းမှုကို တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ထိပ် တံတား (၁) ၊ အဝိုင်းပတ်မှစတင်၍ မြို့ပြင် ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် နှင့် လမ်းဘေးပလက်ဖောင်းများတလျှောက်အလိုက်လံ စစ်ဆေးကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြို့တွင်းလမ်းမကြီးဘေးတဖက်တချက် ဆိုင်များအ‌နေဖြင့် မိမိတို့ ပိုင်နက်ဥပစာကို ကျော်လွန်ကာ လမ်းများ၊ ပလက်ဖောင်းများ၊ ရေမြောင်းများပေါ်တွင် ကုန်ပစ္စည်းများ...

လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပမှု တိုက်ရိုက်ထုတ်လွှင့်မည်

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံ အလေးပြုပွဲအခမ်းအနားကို ဇန်နဝါရီ (၄) ရက် နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှေ့ ရင်ပြင်၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားကျင်းပပုံများကို ဇန်နဝါရီ (၄) ရက် နံ နက် (၆) နာရီခွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV– HD Channel၊ MRTV-News Channel၊ MRTV-NRC၊ MRTV...

ကနဦးရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၆၁) သန်းစီမံကိန်းများအတွက် MOU များကို MCHEC နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အပါအဝင် ကုမ္ပဏီ(၄)ခုလက်မှတ်ထိုး

မြန်မာ့လယ်ယာထွက်ကုန်စည်များ ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုနိုင်ရန် ဆိပ်ကမ်းတံတားများနှင့် ကုန်ကိုင်တွယ်စက်ကိ ရိယာများကို ပူးပေါင်းရင်းနှီးမြှုပ်နှံတိုးချဲ့တည် ဆောက်နိုင်ရေးစီမံကိန်းများအတွက် ကနဦးရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၆၁)သန်းရှိ MOU များကို MCHEC နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အပါအဝင် ကုမ္ပဏီ(၄)ခုမှ ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းက လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ MOU လက်မှတ်ရေးထိုးပွဲသို့ နစက အဖွဲ့ဝင် ဒု-ဝန်ကြီးချုပ်၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်၍ ရန်ကုန်ဆိပ်ကမ်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆန်တင်ပို့မှု တန်ချိန်(၁ ဒသမ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071