Sunday, January 5, 2025

မြဝတီမြို့၌ လက်လုပ်အစားအသောက်များ ရောင်းချခြင်းမပြုရန် ညွှန်ကြား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် လက်လုပ်အစားအသောက်များ ရောင်းချခြင်းမပြုရန် ညွှန်ကြားထားကြောင်း သိရသည်။ ထို့ပြင် အစားအသောက်များ...

သမ္မတယွန်းကို ထောက်ခံသူနှင့် ဆန့်ကျင်သူ ပြိုင်ဘက်အုပ်စုများ...

ရာထူးဆိုင်းငံ့ခံထားရသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်ကို ဖ-မ်းဆီးရန်ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက်တစ်နေ့ ဇန်နဝါရီ ၄ ရက်တွင် သူ့ကို ထောက်ခံ/ဆန့်ကျင်သော ထောင်နှင့်ချီသည့် ဆန္ဒပြသူများသည် မြို့တော်သို့...

ဟစ်လာရီ၊ဆိုးရော့စ်နှင့်ဒန်ဇယ်တို့အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုများချီးမြှင့်ခံရ

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် နိုင်ငံရေး၊ အားကစား၊ ဖျော်ဖြေရေး၊ နိုင်ငံသားအခွင့်အရေး၊ LGBT အရေးနှင့် သိပ္ပံပညာတို့တွင် နာမည်အကျော်ကြားဆုံးသူ ၁၉ ဦးကို စနေနေ့က အိမ်ဖြူတော်၏...

ကျားဖျန့်မှုဖြင့် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား (၁၅၀)...

ယမန်နေ့ ဇန်နဝါရီ (၄) ရက် ၊လွတ်လပ်ရေးနေ့က ပြန်လွှတ်ပေးသည့် နိုင်ငံခြားသားအကျဉ်းသားများထဲ၌ ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား (၁၅၁) ဦး ပါဝင်ကြောင်း...
HomeNewsLocal NewsYBS ခရီးသည်တင်ကားစီးရေ ၅၀၀...

YBS ခရီးသည်တင်ကားစီးရေ ၅၀၀ ကျော်အား ယာဥ်စီးခပိုမိုကောက်ခံခဲ့သဖြင့် အရေးယူမှုများပြုလုပ်ထား

YBS ခရီးသည်တင်ကားစီးရေ ၅၀၀ ကျော်အား ယာဥ်စီးခပိုမိုကောက်ခံခဲ့သဖြင့် အရေးယူမှုများပြုလုပ်ထား

ရန်ကုန်တိုင်းအတွင်း၌ ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင်ကားများအနက် ယာဥ်စီးခပိုမိုကောက်ခံခဲ့သည့် ခရီးသည်တင်ကား ၅၃၉ စီးအား အရေးယူမှုများပြုလုပ်ထားသည်ဟု ရန် ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

ထိုသို့ အရေးယူရာတွင် YRTC မှတာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ပြီးနောက် သတ်မှတ်ယာဉ်စီးခထက် ပိုမိုကောက်ခံသည့် ယာဉ်လိုင်း ၁၅ လိုင်းမှ ခရီးသည်တင်ကားများအား CNG ထုတ်ယူခွင့် ၃ လ၊ ၆ လ အထိထုတ်ယူခွင့်ပိတ်ခဲ့ကြောင်း သိရသည်။

အလားတူ ယာဉ်စီးခကျပ် ၅၀၀ အထက်ပိုတောင်းခြင်းနှင့်ယာဉ်အကူပါရှိသည့် ခရီးသည်တင်ကားများအား CNG ထုတ်ယူခွင့်တစ်နှစ်ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် YBS ခရီးသည်တင်လိုင်း ၁၁၆ လိုင်းမှကားစီးရေ ၃၂၅၀ စီးဖြင့် ခရီးသည် ၁၃ သိန်းခန့်အားတင်ဆောင်၍ နေ့စဥ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့မှ တိုင်းနှင့်ပြည်နယ်အသီး သီးသို့ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစ ခန်းနှင့်ဒဂုံ-ဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းတို့မှ ယာဉ်လိုင်းပေါင်း ၁၇၀ ကျော်က နေ့စဥ် အဝေးပြေးခရီးသည်တင်ကား ၄၉၀ စီးခန့်ဖြင့် ခရီးသည် ၈၀၀၀ ခန့်အားတင်ဆောင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီမြို့၌ လက်လုပ်အစားအသောက်များ ရောင်းချခြင်းမပြုရန် ညွှန်ကြား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် လက်လုပ်အစားအသောက်များ ရောင်းချခြင်းမပြုရန် ညွှန်ကြားထားကြောင်း သိရသည်။ ထို့ပြင် အစားအသောက်များ ဖွင့်လှစ်ရောင်းချသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ရေသန့်စက်ရုံ၊ စည်ပင်သာယာရေး အဖွဲ့ပိုင်ဈေးများ၊ ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်၊ ထမင်းဆိုင်၊ မုန့်ဖက်အရောင်းဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကဖေးဆိုင်တို့တွင် တည်ခင်းရောင်းချနေသည့်အစားအသောက်များသည် သန့်ရှင်းသပ်ရပ် လတ်ဆတ်မှု ရှိ/မရှိ၊ ယင်လုံအောင် ဖုံးအုပ်ထားခြင်း...

သမ္မတယွန်းကို ထောက်ခံသူနှင့် ဆန့်ကျင်သူ ပြိုင်ဘက်အုပ်စုများ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်

ရာထူးဆိုင်းငံ့ခံထားရသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်ကို ဖ-မ်းဆီးရန်ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက်တစ်နေ့ ဇန်နဝါရီ ၄ ရက်တွင် သူ့ကို ထောက်ခံ/ဆန့်ကျင်သော ထောင်နှင့်ချီသည့် ဆန္ဒပြသူများသည် မြို့တော်သို့ ချီတက်စုရုံးခဲ့ကြသည်။ နိုင်ငံ၌ ဒီဇင်ဘာလကတည်းက နိုင်ငံရေးမငြိမ်သက်မှုဖြစ်ခဲ့ပြီး မစ္စတာယွန်းသည် ၎င်းကိုဖ-မ်းဆီးရန် အစိုးရရှေ့နေများ၏ ကြိုးပမ်းမှုကို ဆန့်ကျင်သည့် ရာနှင့်ချီသော သစ္စာခံလုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဝန်းရံထားသော သမ္မတအိမ်တော်တွင် အာခံရပ်တည်လျက်ရှိနေသည်။ မစ္စတာယွန်းကို ဆန့်ကျင်/ထောက်ခံသော ဆန္ဒပြသူများသည် ဇန်နဝါရီ ၄ ရက်က ဆိုးလ်မြို့တော်ရှိ သမ္မတအိမ်တော်ရှေ့နှင့် အဓိကလမ်းများပေါ်တွင် စုဝေးခဲ့ကြပြီး တစ်ဖက်က သူ့ကို ဖ-မ်းဆီးရန်တောင်းဆိုသကဲ့သို့ အခြားတစ်ဖက်က...

ဟစ်လာရီ၊ဆိုးရော့စ်နှင့်ဒန်ဇယ်တို့အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုများချီးမြှင့်ခံရ

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် နိုင်ငံရေး၊ အားကစား၊ ဖျော်ဖြေရေး၊ နိုင်ငံသားအခွင့်အရေး၊ LGBT အရေးနှင့် သိပ္ပံပညာတို့တွင် နာမည်အကျော်ကြားဆုံးသူ ၁၉ ဦးကို စနေနေ့က အိမ်ဖြူတော်၏ အရှေ့ပိုင်းခန်းမတွင် လွတ်လပ်ရေး သမ္မတဆုတံဆိပ် ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟစ်လာရီကလင်တန်သည် သူ၏ ဆုတံဆိပ်ကို လက်ခံရယူစဉ်တက်ရောက်လာသူများက မတ်တပ်ရပ်ကာ ဂုဏ်ပြုခဲ့ကြသည်။ အခမ်းအနားကို သူနှင့်အတူ ခင်ပွန်းဖြစ်သူ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ သမီးဖြစ်သူ ချယ်လ်ဆီးကလင်တန်နှင့် မြေးများလည်း တက်ရောက်ခဲ့ကြသည်။ ဒီမိုကရက်တစ်တစ်ဦးဖြစ်သော ပရဟိတသမား ဂျော့ဆိုရော့စ်နှင့် သရုပ်ဆောင်ဒါရိုက်တာဖြစ်သော ဒန်ဇယ်ဝါရှင်တန်တို့သည်လည်း အိမ်ဖြူတော်အခမ်းအနားတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071