Tuesday, November 19, 2024

တရုတ်တွင်ကျောင်းရှေ့ ယာဉ်တိုက်၍ ကလေးငယ်များစွာ ဒဏ်ရာရ

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် Changde မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်း အပြင်ဘက်တွင် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ခဲ့သောကြောင့် ကလေးငယ်အများအပြား ဒဏ်ရာရခဲ့သည်ဟု...

ခြေစမ်းပွဲ၌ လက်ဘနွန်အသင်းကိုရှုံးနိမ့်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း

မြန်မာ့လက်ရွေးစင်အသင်းသည် ယနေ့ နိုဝင်ဘာ ၁၉ ရက်ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ယှဥ်ပြိုင်ကစားခဲ့သည့် FIFA International "A" Friendly...

မြန်မာနိုင်ငံ၏ အဓိကခရီးသွားစျေးကွက်နိုင်ငံများနှင့် စပ်လျဉ်း၍ အာဆီယံခရီးသွားလုပ်ငန်း...

မြန်မာနိုင်ငံ၏ အဓိကခရီးသွားစျေးကွက်နိုင်ငံများနှင့် အနာဂတ်မျှော်မှန်းချက်နှင့် စပ်လျဉ်း၍ အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံအပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ၎င်းအစည်းအဝေးများမှ သိရသည်။ စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ (၁၃) ရက်မှ...

လုံခြုံရေးဆက်ဆံမှုခိုင်မာရေးနှင့်အိန္ဒိယနှင့်နိုင်ဂျီးရီးယား ကတိပြု

နိုင်ဂျီးရီးယားနှင့် အိန္ဒိယခေါင်းဆောင်များ သည် တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရေကြောင်းလုံခြုံရေးနှင့် အကြမ်းဖက်မှုတန်ပြန်ရေးဆိုင်ရာ ဆက်ဆံမှုများပိုမိုခိုင်မာရေးကို ကတိပြုခဲ့ကြသကဲ့သို့ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများကို ပိုမိုထောက်ပံ့ရန် သဘောတူညီခဲ့ကြသည်။ နိုင်ဂျီးရီးယားနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ်...
HomeNewsLocal NewsYBS ယာဉ်မောင်းများ စည်းကမ်းမလိုက်နာပါက...

YBS ယာဉ်မောင်းများ စည်းကမ်းမလိုက်နာပါက Smart Card နှင့် ကညန လိုင်စင် ဖျက်သိမ်းမည်

ခရီးသည်တင်ယာဉ်ဘတ်စ်ကား မောင်းနှင်သည့် YBS ယာဉ်မောင်းများအနေဖြင့် စည်းကမ်းမလိုက်နာပါက Smart Card နှင့် ကညနလိုင်စင် ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။

YBS ယာဉ်မောင်းများအနေဖြင့် စည်းကမ်းမဲ့ မဆင်မခြင် မောင်းနှင်ခြင်းမျိုးရှိပါက ယာဉ်မောင်း Smart Card ကို ဖျက်သိမ်းမည်ဖြစ်ပြီး ကညန ယာဉ်မောင်းလိုင်စင်ကိုလည်း အချိန်ကာလတစ်ခုအထိ သတ်မှတ်၍ ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

YRTC ၏ မှတ်တမ်းများအရ ယခုလတွင် မီးနီဖြတ်မောင်းသူ (၁၁)ဦး၊ ယဥ်ကျော်တက်သူ (၁၉)ဦး၊ မီးပွိုင့်တွင် လူတ င် /ချသူ (၃)ဦး၊ ဘေးတံခါးဖွင့်မောင်းသူ (၄၇)ဦး၊မှတ်တိုင်တွင် စနစ်တကျမရပ်သူ(၃) ဦး၊ မှတ်တိုင်တွင် အချိန်ကြာ မြင့်စွာရပ်သူ (၇) ဦး၊ သတ်မှတ်စတစ်ကာမပါသူ (၁)ဦး၊ကီ လိုကျော်အရှိန်ပြင်းစွာမောင်းနှင်သူ (၇)ဦးနှင့် ဘရိတ်စောင့်နင်းသူ (၂)ဦး စုစုပေါင်းစည်းကမ်းဖောက်ဖျက် YBS ယာဉ်မောင်း (၁၀၀)ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် YBS ခရီးသည် ၁ ဒသမ ၅ သန်းခန့်ကို ယာဉ်မောင်း ၄၀၀၀ ဦးခန့်က နေ့စဉ်ပို့ဆောင်ပေးနေပြီး YBS ယာဉ်မောင်းများ၏ စည်းကမ်းဖောက်ဖျက်မှုကို YRTC က Traffic Control Center မှ နည်းပညာမြင့် Telematics စက်‌များ၊ CCTV record များဖြင့် မှတ်တမ်းရယူ၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်တွင်ကျောင်းရှေ့ ယာဉ်တိုက်၍ ကလေးငယ်များစွာ ဒဏ်ရာရ

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် Changde မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်း အပြင်ဘက်တွင် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ခဲ့သောကြောင့် ကလေးငယ်အများအပြား ဒဏ်ရာရခဲ့သည်ဟု ဂလိုဘယ်တိုင်းမ်သတင်းစာက ဖော်ပြသည်။ တရုတ်နိုင်ငံတွင် မကြာသေးမီလများအတွင်း လူအစုလိုက် ဓါးထိုးတိုက်ခိုက်ခံရခြင်းမှသည် လူအုပ်အတွင်း ကားနှင့်ဝင်တိုက်ခြင်းအထိ လူအသေအပျောက်များသော ဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ပြည်သူ့လုံခြုံရေးဆိုင်ရာ မှတ်တမ်းကောင်းရှိသောနိုင်ငံတွင် တွေ့ရခဲသော အခင်းဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။ နိုဝင်ဘာ ၁၉ ရက်ဖြစ်စဉ်တွင် ကျောင်းသားငယ်များစွာ ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန စီစီတီဗီက ဖော်ပြသော်လည်း အရေအတွက်အတိအကျကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု ဆိုခဲ့သည်။ ယာဉ်တိုက်မှုသည်...

ခြေစမ်းပွဲ၌ လက်ဘနွန်အသင်းကိုရှုံးနိမ့်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း

မြန်မာ့လက်ရွေးစင်အသင်းသည် ယနေ့ နိုဝင်ဘာ ၁၉ ရက်ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ယှဥ်ပြိုင်ကစားခဲ့သည့် FIFA International "A" Friendly Match နိုင်ငံတကာခြေစမ်းပွဲတွင် လက်ဘနွန်အသင်းအားရှုံးနိမ့်ခဲ့ရသည်။ ခြေစမ်းပွဲမစတင်မီ ယနေ့ပွဲစဥ်အတွက်ရရှိသည့် ကွင်းဝင်ကြေးငွေကျပ်သိန်း(၃၀)အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်သို့ ပေးအပ်လှူဒါန်းခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲ၌ ပြည့်ဖြိုးသူ(ဂိုး)၊ သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ မောင်မောင်လွင်(အသင်းခေါင်းဆောင်)၊ မြတ်ကောင်းခန့်၊ သီဟဇော်၊ လွင်မိုးအောင်၊ ဝေလင်းအောင်၊ ဟိန်းထက်အောင်၊ အောင်ဝဏ္ဏစိုး၊ ဥက္ကာနိုင်တို့နှင့်ပွဲထွက်လာခဲ့ပြီး ပထမပိုင်းယှဥ်ပြိုင်ကစားပြီးချိန်၌ ၁ ဂိုး ၁ ဂိုး သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ထို့နောက်...

မြန်မာနိုင်ငံ၏ အဓိကခရီးသွားစျေးကွက်နိုင်ငံများနှင့် စပ်လျဉ်း၍ အာဆီယံခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေး၌ ထည့်သွင်းဆွေးနွေး

မြန်မာနိုင်ငံ၏ အဓိကခရီးသွားစျေးကွက်နိုင်ငံများနှင့် အနာဂတ်မျှော်မှန်းချက်နှင့် စပ်လျဉ်း၍ အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံအပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ၎င်းအစည်းအဝေးများမှ သိရသည်။ စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ (၁၃) ရက်မှ (၁၅) ရက်အထိ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲသော ခရီးသွားလုပ်ငန်းကော်မရှင်က ဦးဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကွန်ဖရင့်နှင့် ဆက်စပ်၍ စင်ကာပူနိုင်ငံခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။ နိုဝင်ဘာ ၁၃ ရက်တွင် အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071