Wednesday, April 2, 2025

အင်ဂျင်နီယာပညာရှင်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များကို ဒေသအလိုက်ဖွဲ့စည်း၍ စစ်ဆေးမှုများပြုလုပ်နေ

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ရုံးအ ဆောက်အဦများ၊ လူနေအဆောက်အဦများနှင့် အခြားပျက်စီးမှုများကို ဘေးအန္တရာယ်နှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာများအတွက် အင်ဂျင်နီယာပညာရှင်များပါဝင်သည့် ပညာရပ်ဆိုင်ရာစစ်ဆေးရေးအထောက်အကူပြုအဖွဲ့အား ဒေသအလိုက်ဖွဲ့ စည်း၍...

ဖိလစ်ပိုင်က မြန်မာငလျင်ဘေးကူညီရန် အဖွဲ့တစ်ဖွဲ့စေလွှတ်

မနီလာ၊ဧပြီ ၁ ဖိလစ်ပိုင်နိုင်ငံသည် ငလျင်ဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံသို့ ပထမဆုံးအသုတ်အဖြစ် လူ ၉၁ ဦးပါ ကယ်ဆယ်ရေးအဖွဲ့ကို အင်္ဂါနေ့အစောပိုင်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ရန် စေလွှတ်ခဲ့သည်ဟုသိရသည်။ "C-130 လေယာဉ်နှစ်စင်းသည်...

ငလျင်ဘေးအတွက် အလှူရှင်များမှ လှူဒါန်းမှု ကျပ်ဘီလီယံ(၁၂၀)နီးပါးရရှိ၊...

ငလျင်ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် နေပြည်တော်၊ တပေါင်းကွင်း၌ ယနေ့ ဧပြီ ၁ ရက်မွန်းတည့် ၁၂ နာရီခွဲက အလှူငွေပေး...

ငလျင်ဒဏ်ကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦအနည်းငယ်သာ...

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ အင်အားအလွန်ပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ‌ေ-သဆုံးထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သော်လည်း နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌တည်ထားကိုးကွယ်ထားသည့် မာရဝိဇယဗုဒ္ဒရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦအနည်းငယ်သာထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ သာသနိကအဆောက်အဦများအား နစက...
HomeNewsLocal NewsYBS (133) ယာဉ်လိုင်းမှ...

YBS (133) ယာဉ်လိုင်းမှ ဒဂုံဆိပ်ကမ်း(အမျိုးသားကင်ဆာကုဆေးရုံ) (ဂိတ်ရင်း)မှ လသာ(ဂိတ်ဖျား) သို့ လမ်းကြောင်း တိုးချဲ့ပြေးဆွဲပေး

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် YBS 133 ယာဉ်လိုင်းမှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (အမျိုးသားကင်ဆာကုဆေးရုံ) (ဂိတ်ရင်း)မှ လသာ(ဂိတ်ဖျား) သို့ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးလျက်ရှိအဆိုပါ ယာဉ်လိုင်း ၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

YBS 133 ယာဉ်လိုင်းမှာ ယခင်က ယုဇနဥယျာဉ်မြို့တော် (ဂိတ်ရင်း)မှ ဗိုလ်ချုပ်ဈေး(ဂိတ်ဖျား) ထိပြေးဆွဲပေးနေရာမှ လက်ရှိတွင် ယခုကဲ့သို့ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေခြင်းဖြစ်သည်။

“လမ်းကြောင်းတိုးချဲ့ ပြေးဆွဲနေတာ မသိလိုက်လို့ Junction city သွားမှာကို မကွေ့ဘဲ လသာရောက်သွားလို့ ကမန်းကတမ်း ဆင်းပြီးလမ်းလျှောက်လိုက်ရတယ်။ အခုလမ်းကြောင်း အသစ်က လသာ(ဂိတ်ဖျား)ကို ဝင်ပြီးမှ Junction ရောက်မှာ”ဟု ရန်ကုန်မြို့တွင်း YBS စီးနင်းသူ တစ်ဦးက ပြောသည်။

YBS – 133 ခရီးစဉ်လမ်းကြောင်း ဒဂုံဆိပ်ကမ်း (အမျိုးသားကင်ဆာရောဂါကုဆေးရုံ) – ကနောင်ကွေ့ – ယုဇနမုခ်ဦး – ကျွန်းရွှေဝါလမ်း – ကွန်တိန်နာအဝိုင်း – ပုဏ္ဏမီလမ်း – ပဲခူးမြစ်လမ်း – သိမ်ကျောင်းလမ်းဆုံ – သစ်ဆိပ် – ကွေ့မ – တိုင်းရင်းသားကျေးရွာ – သာကေတအဝိုင်း – ကျောက်တိုင် – (၁)ဈေးကွေ့ – ဒေါပုံသင်္ဘောကျင်း – မဟာဗန္ဓုလတံတား – လမ်း(၅၀) – အနော်ရထာလမ်း – လသာ – အရေးပေါ်ဌာန – ရန်ကုန်ပြည်သူ့ဆေးရုံကြီး – ဗိုလ်ချုပ်ဈေး – ဆူးလေ – မဟာဗန္ဓုလလမ်းအထိဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ဂျင်နီယာပညာရှင်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များကို ဒေသအလိုက်ဖွဲ့စည်း၍ စစ်ဆေးမှုများပြုလုပ်နေ

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ရုံးအ ဆောက်အဦများ၊ လူနေအဆောက်အဦများနှင့် အခြားပျက်စီးမှုများကို ဘေးအန္တရာယ်နှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာများအတွက် အင်ဂျင်နီယာပညာရှင်များပါဝင်သည့် ပညာရပ်ဆိုင်ရာစစ်ဆေးရေးအထောက်အကူပြုအဖွဲ့အား ဒေသအလိုက်ဖွဲ့ စည်း၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် ပျက်စီးသွားသော အဆောက်အအုံများအား ခေတ်မီစမ်းသပ်ကိရိယာများဖြင့် စစ်ဆေး၍ သာမန်ပြင်ဆင်နိုင်သည့် အဆောက်အဦ၊ အကြီးစားပြင်ဆင်ရမည့် အဆောက်အဦနှင့် ပြုပြင်၍မရဘဲ ဖယ်ရှားရှင်းလင်းရမည့်အန္တရာယ်ရှိအဆောက်အဦများအဖြစ်ခွဲခြားသတ်မှတ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများအား မှတ်တမ်းတင်ခြင်း၊ ညှိနှိုင်းသုံးသပ်ခြင်းနှင့် နောင်တွင် ဆောင်ရွက်ရမည့်နည်းလမ်းများဖော်ထုတ်ခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။ ယင်း စစ်ဆေးရေးအဖွဲ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၊ မြန်မာနိုင်ငံ...

ဖိလစ်ပိုင်က မြန်မာငလျင်ဘေးကူညီရန် အဖွဲ့တစ်ဖွဲ့စေလွှတ်

မနီလာ၊ဧပြီ ၁ ဖိလစ်ပိုင်နိုင်ငံသည် ငလျင်ဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံသို့ ပထမဆုံးအသုတ်အဖြစ် လူ ၉၁ ဦးပါ ကယ်ဆယ်ရေးအဖွဲ့ကို အင်္ဂါနေ့အစောပိုင်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ရန် စေလွှတ်ခဲ့သည်ဟုသိရသည်။ "C-130 လေယာဉ်နှစ်စင်းသည် မြန်မာနိုင်ငံ၌ နှစ်ပတ်ကြာကူညီရန် ကနဦးအဖွဲ့ဝင် ၅၈ ဦးကို ပို့ဆောင်ခဲ့ပြီး ကျန် ၃၃ ဦးကို ဧပြီလ ၂ ရက်နေ့တွင် နောက်ထပ် C-130 လေယာဉ်တစ်စီးဖြင့်ပို့ဆောင်ရန် စီစဉ်ထားသည်" ဟု ဖိလစ်ပိုင်လေတပ် (PAF) ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဆိုပါအဖွဲ့သည် မရှိမဖြစ်လိုအပ်သော ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါး၊ ကိရယာများ ယူဆောင်လာခဲ့ကြောင်း...

ငလျင်ဘေးအတွက် အလှူရှင်များမှ လှူဒါန်းမှု ကျပ်ဘီလီယံ(၁၂၀)နီးပါးရရှိ၊ နိုင်ငံတော်မှ ကျပ်ဘီလီယံ(၅၀၀)မတည်ကာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေ

ငလျင်ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် နေပြည်တော်၊ တပေါင်းကွင်း၌ ယနေ့ ဧပြီ ၁ ရက်မွန်းတည့် ၁၂ နာရီခွဲက အလှူငွေပေး အပ်ပွဲအခမ်းအနားကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ အလှူငွေများကိုလက်ခံရယူခဲ့သည်။ အဆိုပါအခမ်းအနားတွင် စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းမှု ငွေသား(၁၀၄ ဒသမ ၄၄)ဘီလီယံ၊ အလှူပစ္စည်း(၁၂ ဒသမ ၄)ဘီလီယံ(စုစုပေါင်း ၁၁၆ ဒသ မ ၈၄ ဘီလီယံ)လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌ က အခမ်းအနားတွင် ကျေးဇူးတင်စကားပြောကြားစဉ် မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071