Tuesday, April 1, 2025

Earthquake-hit Myanmar still needs...

Countries such as China, India, Russia, Vietnam, Thailand, Malaysia, Singapore, UAE, and Belarus...

ငလျင်အတွက်သိန်းပေါင်း ၂သောင်း မှ သိန်းပေါင်း...

စစ်ကိုင်းပြည်သူ့ဆေးရုံကြီး ငလျင်ဘေးသင့် လူနာအယောက် (၁၀၀) အတွက် တစ်ဦးကို သိန်း (၂၀) ကျပ် စုစုပေါင်း သိန်း (၂) ထောင်...

Earthquake victims under the...

In Mandalay, where the temperature is 38 degrees Celsius, the scene of earthquake...
HomeNewsLocal NewsYUFL မှ မဟာဝိဇ္ဇာ/ဒီပလိုမာသင်တန်းသားများခေါ်ယူ

YUFL မှ မဟာဝိဇ္ဇာ/ဒီပလိုမာသင်တန်းသားများခေါ်ယူ

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာ/ဒီပလိုမာသင်တန်းသားများကိုစတင်ခေါ်ယူလျက်ရှိသည်။

YUFL မှ မဟာဝိဇ္ဇာအချိန်ပြည့်(၂)နှစ်သင်တန်း (အင်္ဂလိပ်ဘာသာကို နိုင်ငံခြားဘာသာအဖြစ်သင်ကြားခြင်း)၊ ဒီပလိုမာအချိန်ပြည့်(၁)နှစ်သင်တန်း(အင်္ဂလိပ်ဘာသာ)၊ အချိန်ပြည့်(၂)နှစ်သင်တန်း(အီတာလျံဘာသာ)၊ အချိန်ပိုင်း(၂)နှစ်သင်တန်း(ဘာသာဗေဒ)နှင့် အချိန်ပိုင်း(၄)နှစ်သင်တန်း(တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား ၊ ရုရှား၊ ထိုင်းဘာသာ)များကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းများအား အပတ်စဥ် တနင်္လာ နေ့မှသောကြာနေ့အထိ အင်္ဂလိပ်ဘာသာ(အချိန်ပြည့်)သင်တန်းများကို နံနက် ၉ နာရီမှ နေ့လည် ၃ နာရီ ၂၀ မိနစ်အထိ၊ အီတာလျံဘာသာ(အချိန် ပြည့်)သင်တန်းကို နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ၊ အချိန်ပိုင်းသင်တန်းများကို နံနက် ၇ နာရီမှ နံနက် ၈ နာရီ ၅၀ မိနစ်အထိ ဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းတက်ရောက်လိုသူများသည် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ကာ မဟာဝိဇ္ဇာ(အင်္ဂလိပ်ဘာသာကို နိုင်ငံခြားဘာသာအဖြစ်သင်ကြားခြင်း) ပထမနှစ်သင်တန်းတက်ရောက်ရန် သတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့်စုံသူဖြစ်ရမည်ဖြစ်သည်။

ထို့အတူ ဒီပလိုမာဘွဲ့သင်တန်းများအတွက် နိုင်ငံတော်မှအသိအမှတ်ပြုထားသော ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်ဖြစ်ကာ ဘာသာဗေဒသင်တန်းအတွက် နိုင်ငံတော်မှအသိအမှတ်ပြုထားသော ဝိဇ္ဇာဘွဲ့ တစ်ခုခုရရှိပြီးသူဖြစ်ရမည်ဖြစ်သည်။

ထို့ပြင် အခြားဘွဲ့ရရှိပြီး ယင်း ဘာသာရပ်နှင့် ဆက်စပ်နှီးနွယ်သည့်လုပ်ငန်းလုပ်ကိုင်သူများ (ဘာသာပြန်/စကားပြန်ပြုလုပ်သူများ၊ ဘာသာ စကားသင်ကြားသူများ၊ သတင်းမီဒီယာလုပ်ငန်း ဆောင်ရွက်နေသူများ)လည်း လျှောက်ထားနိုင်ကာ သင်တန်းဝင်ခွင့်လျှောက်လွှာအား နိုဝင်ဘာ ၁၃ ရက်နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။

တက်ရောက်လိုသူများသည် သင်တန်းဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း၌ မော်ကွန်းထိန်းရုံးခန်း(စာ မေးပွဲဌာန/ကျောင်းသားရေးရာဌာနနှင့် ဖုန်း ဝ၁ -၇၅၁၃၁၉ဝ တို့သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Earthquake-hit Myanmar still needs help despite international aid

Countries such as China, India, Russia, Vietnam, Thailand, Malaysia, Singapore, UAE, and Belarus are helping with the rescue teams, while many other countries are also sending aid and donating. Rescue efforts are being delayed as rescue supplies cannot easily reach...

ငလျင်အတွက်သိန်းပေါင်း ၂သောင်း မှ သိန်းပေါင်း ၂ထောင် စတင်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

စစ်ကိုင်းပြည်သူ့ဆေးရုံကြီး ငလျင်ဘေးသင့် လူနာအယောက် (၁၀၀) အတွက် တစ်ဦးကို သိန်း (၂၀) ကျပ် စုစုပေါင်း သိန်း (၂) ထောင် ဝန်းကျင် ဧပြီလ ၁ရက်နေ့က မခိုင်နှင်းဝေ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ပါတယ်။

Earthquake victims under the scorching sun

In Mandalay, where the temperature is 38 degrees Celsius, the scene of earthquake victims living in an open refugee camp at the old Mingalar Market on the corner of (30) and (73) streets was recorded at around 12:30 noon...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071