Tuesday, April 1, 2025

ငလျင်ဘေးအတွက် အလှူရှင်များမှ လှူဒါန်းမှု ကျပ်ဘီလီယံ(၁၂၀)နီးပါးရရှိ၊...

ငလျင်ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် နေပြည်တော်၊ တပေါင်းကွင်း၌ ယနေ့ ဧပြီ ၁ ရက်မွန်းတည့် ၁၂ နာရီခွဲက အလှူငွေပေး...

ငလျင်ဒဏ်ကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦအနည်းငယ်သာ...

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ အင်အားအလွန်ပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ‌ေ-သဆုံးထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သော်လည်း နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌တည်ထားကိုးကွယ်ထားသည့် မာရဝိဇယဗုဒ္ဒရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦအနည်းငယ်သာထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ သာသနိကအဆောက်အဦများအား နစက...

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြုပြင်ရာ၌ ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင်...

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထိုသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦးများအား နစက ဥက္ကဋ္ဌ၊...

မန္တလေးတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် တံတားဦးမြို့ကို...

မန္တလေးတွင် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် ယနေ့ ဧပြီ (၁) ရက်၊ ညနေ (၅)နာရီ၊ (၃၁)မိနစ်၊ (၅၀)စက္ကန့်အချိန်တွင်...
HomeNewsLocal Newsပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နိုင်ငံရေးပါတီ...

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထား

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နိုင်ငံရေးပါတီမှ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုခြင်းကြောင့် ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားကြောင်း UEC ကသတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပါတီကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စီစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လျှောက်ထားသည့်ပါတီ ၅ ပါတီရှိပြီး ယင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့ဖြစ်သည်။

နိုင်ငံရေးပါတီများဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃)ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃)ဖြင့် လည်းကောင်း၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက် အမှတ်(၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့်လည်းကောင်း ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ယင်းကြောင့် ထုတ်ပြန်ထားသည့် ဥပဒေသစ်အရ နိုင်ငံရေးပါတီများအနေဖြင့် ဆက်လက်ရပ်တည်မည်ဆိုပါက ရက်ပေါင်း ၆၀ အတွင်းပြန်လည်မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး မလျှောက်ထားဘူးဆိုပါက နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မည်ဖြစ်သည်။

photo – Pa-O National Organization

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဘေးအတွက် အလှူရှင်များမှ လှူဒါန်းမှု ကျပ်ဘီလီယံ(၁၂၀)နီးပါးရရှိ၊ နိုင်ငံတော်မှ ကျပ်ဘီလီယံ(၅၀၀)မတည်ကာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေ

ငလျင်ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် နေပြည်တော်၊ တပေါင်းကွင်း၌ ယနေ့ ဧပြီ ၁ ရက်မွန်းတည့် ၁၂ နာရီခွဲက အလှူငွေပေး အပ်ပွဲအခမ်းအနားကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ အလှူငွေများကိုလက်ခံရယူခဲ့သည်။ အဆိုပါအခမ်းအနားတွင် စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းမှု ငွေသား(၁၀၄ ဒသမ ၄၄)ဘီလီယံ၊ အလှူပစ္စည်း(၁၂ ဒသမ ၄)ဘီလီယံ(စုစုပေါင်း ၁၁၆ ဒသ မ ၈၄ ဘီလီယံ)လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌ က အခမ်းအနားတွင် ကျေးဇူးတင်စကားပြောကြားစဉ် မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့်...

ငလျင်ဒဏ်ကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦအနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ အင်အားအလွန်ပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ‌ေ-သဆုံးထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သော်လည်း နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌တည်ထားကိုးကွယ်ထားသည့် မာရဝိဇယဗုဒ္ဒရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦအနည်းငယ်သာထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ သာသနိကအဆောက်အဦများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁ ရက်နံနက်ပိုင်းက လှည့်လည်ကြည့်ရှုခဲ့ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်စဉ်ကပင် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တည်ဆောက်ခဲ့သည့် အခြေအနေများကို ပြောကြားခဲ့သည်။ သဘာဝဘေးဒဏ်ခံနိုင်မှုရှိစေရေး စနစ်တကျတွက်ချက်ခဲ့မှုနှင့် ခေတ်မီနည်းပညာများအသုံးပြုတည်ဆောက်ခဲ့မှုတို့ကြောင့် ပြင်းထန်ငလျင်ဖြစ်ပေါ်ချိန်တွင် ဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့ တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့်အပိုင်းများကွဲအက်ခြင်းတို့(လုံးဝ)မရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောသည်။ ထို့ပြင် အခြားသာသနိကအဆောက်အဦများတွင် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်ခဲ့သည်မှာ မိမိတို့အတွက်...

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြုပြင်ရာ၌ ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင် ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထိုသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦးများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ပျက်စီးမှုများအားကြည့်ရှုစစ်ဆေးပြီးနောက် နစက ဥက္ကဋ္ဌမှ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦးများအား စနစ်တကျပြန်လည်ပြုပြင်တည်ဆောက်ရမည်ဖြစ်ကာ ပြုပြင်မှုများဆောင်ရွက်ရာတွင် အဆင့်အလိုက်စနစ်တကျဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးတို့အတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကာ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်တည် ဆောက်မှုအခြေအနေများကို စနစ်တကျဖြင့် မှတ်တမ်းထားရှိရမည်ဟုလည်း မှာကြားခဲ့သည်။ နစက ဥက္ကဋ္ဌမှ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071