Monday, December 15, 2025

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ...

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး...

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့်...
HomeInternationalယူကရိန်းအပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ရုရှား၏တုံ့ပြန်မှုကို ယခုပတ်အတွင်း...

ယူကရိန်းအပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ရုရှား၏တုံ့ပြန်မှုကို ယခုပတ်အတွင်း ရရှိမည်ဟု ထရမ့်မျှော်လင့်

ယူကရိန်းပဋိပက္ခတွင် ဖြစ်နိုင်ခြေရှိသော အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ရုရှား၏တုံ့ပြန်မှုကို ယခုပတ်အတွင်း အစောဆုံးရရှိမည်ဟု အိမ်ဖြူတော်ရှိ သတင်းထောက်များအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့သည်။

“ကျွန်တော်တို့ကို ဒီအပတ်အတွင်း သူတို့ဆီကအကြောင်းပြန်မယ်၊ တကယ်တော့ အရမ်းမြန်မြန်ပါပဲ။ ကျွန်တော်တို့နီးစပ်နေပြီလို့ထင်တယ်၊ ဒါကို အမြန်ပဲသိရှိရမှာပါ” ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

မတ်လ ၁၈ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပဋိပက္ခဖြစ်ပွားနေသောနိုင်ငံများအနေဖြင့် စွမ်းအင်အခြေခံအဆောက်အအုံများကို ၃၀ ရက်ကြာ ဗုံးကြဲတိုက်ခိုက်မှုမပြုရန် အဆိုပြုခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က သဘောတူညီပြီး ရုရှားစစ်တပ်အား သင့်လျော်သောအမိန့်ကို ချက်ချင်းပေးခဲ့သည်။ ဗလာဒီမာဇယ်လင်စကီးကလည်း နောက်ပိုင်းတွင် ယူကရိန်းနိုင်ငံအနေဖြင့် အဆိုပြုချက်ကို ထောက်ခံမည်ဟု ပြောကြားခဲ့သည်။

သို့သော် မတ်လ ၁၈ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိရက်များအတွင်း ယူကရိန်းတပ်ဖွဲ့များက ရုရှား၏စွမ်းအင်ဆိုင်ရာနေရာများကို ဒေသ ၁၅ ခုတွင် တိုက်ခိုက်ခဲ့သည်။ ၎င်းတို့မှာ ဘယ်ဂိုရိုဒ်၊ ဘရီယန်စ်၊ ဗိုရိုနီဇ်၊ ဇာပါရိုဇီ၊ ကာစ်၊ လီပက်စ်၊ ရိုစတော့ဗ်၊ ဆာရာတော့ဗ်၊ စမိုလန်စ်၊ တမ်ဘော့ဗ်၊ ခရက်စနိုဒါနှင့် ခေါ်ဆန်ဒေသများ၊ ခရိုင်းမီးယား၊ ဒိုနက်စ်နှင့် လူဂန်စ်ပြည်သူ့သမ္မတနိုင်ငံတို့ဖြစ်သည်။ ထိုတိုက်ခိုက်မှုများကို ဒရုန်းများနှင့် HIMARS အပါအဝင် အမျိုးမျိုးသောအမြောက်လက်နက်များဖြင့် ဆောင်ရွက်ခဲ့သည်။ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ‌ကော့ဗ်က ယူကရိန်းသည် အမှန်တကယ်အားဖြင့် ရုရှား၏စွမ်းအင်ကဏ္ဍကို တိုက်ခိုက်ရန် ကြိုးပမ်းမှုများ ဆက်လက်ရှိနေသေးကြောင်း၊ ယာယီအပစ်အခတ်ရပ်စဲရေးကို လိုက်နာခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မေတ္တာရပ်ခံ

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးအရအနေနဲ့ကတော့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွေရဲ့အစိုးရတွေက လာမခေါ်မချင်း လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီတာဝန်ဟာ တော်တော်ကြီးလေးတဲ့တာဝန်ဖြစ်ပါတယ်။ သူတို့အတွက်တနေ့တာ လိုအပ်တဲ့အစားအစာအပြင် သောက်ရေ၊ သုံးရေ၊ ဝတ်စရာ၊...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာပါ။ မြဝတီဒေသမှာမှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသမှာမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းသွားမယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေးမှာ ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး ၎င်းတို့နှင့်ပတ်သက်မှုမရှိကြောင်းကိုပြသလိုသောလုပ်ကွက်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ချို့နေရာတွေမှာ ဟန်ပြသိမ်းပိုက်ပြီး သူတို့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်းကို လူမသိအောင်လုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071