ရွှေတိဂုံစေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖူးမြှော်

0
209

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်နှင့်ခြောက်ထပ်ကြီးဘုရားတို့အား ဖူးမြော်ကာအလှူငွေများလှူဒါန်းခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးသို့လည်း လည်ပတ်ခဲ့ကြသည်။

ထို့နောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်း၌ ထိုင်းဘုရင့်တပ်မတော်အထူးလေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှထိုင်းနိုင်ငံသို့ပြန်လည်ထွက်ခွာသွားခဲ့​ကြောင်းသိရသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်ဇနီး၊တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်တပ်မ တော်မှ(ကြည်း၊ရေ၊လေ)စစ်သံမှူးများနှင့်ဇနီးများ၊တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here