နိုင်ငံ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ကိုဗစ်ကူးစက်ခံထားရဟု တရုတ်ပြောကြား

0
184

ပေကျင်း၊ဇန်နဝါရီ ၂၁

တရုတ်နိုင်ငံ၌ စုစုပေါင်းလူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ကိုဗစ်ကူးစက်ခံထားရသဖြင့် လာမည့်နှစ်လနှင့်သုံးလအတွင်း ကိုဗစ်ဖြစ်ပွားမှုဒဏ်ခံစားနေရရာမှ ပြန်လည်ဦးမော့လာနိုင်ခြေသည် အလှမ်းဝေးသွားနိုင်ပြန်သည်ဟု အစိုးရသိပ္ပံပညာရှင်တစ်ဦးကပြောကြားခဲ့သည်။

နှစ်သစ်ကူးကာလအတွင်း လူအများအပြားလှုပ်ရှားသွားလာမှုများက ကူးစက်နိုင်ခြေမြင့်မားမှုကို တွန်းအားပေးခဲ့ပြီး အချို့ဒေသများတွင် ကူးစက်နှုန်းသိသိသာသာပြန်မြင့်တက်လာကြောင်းသိရှိရသည်။

မကြာသေးမီကပြန်လည်ဖြေလျှော့ပေးလိုက်သော ကိုဗစ်ကန့်သတ်ထိန်းချုပ်မှုများအရ သန်းချီသောတရုတ်နိုင်ငံသားများသည် ကွဲကွာနေသူများနှင့်ပြန်လည်ဆုံတွေ့နိုင်ရန် နိုင်ငံ့အနှံ့ခရီးသွားလာမှုများပြုလုပ်လာခြင်းက ဆေးဝါးထောက်ပံ့မှုနှေးသော ကျေးလက်ဒေသများအတွက် ကူးစက်မှုမြင့်လာမည်ကို စိုးရိမ်စရာဖြစ်လာစေသည်။

တရုတ်နိုင်ငံ၌ ၎င်း၏ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအား ရုပ်သိမ်းလိုက်ပြီးတစ်လအတွင်း ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ဆေးရုံဆေးခန်းများတွင် ကိုဗစ်ကြောင့်သေဆုံးသူ ခြောက်သောင်းနီးပါးရှိခဲ့ကြောင်းသိရှိရသည်။

သို့သော်အဆိုပါကိန်းဂဏန်းများတွင် အိမ်၌သေဆုံးသူများမပါဝင်သေးသဖြင့် အမှန်တကယ်သေဆုံးနှုန်းထက် နည်းနေနိုင်သေးသည်ဟု ကျွမ်းကျင်သူများကသုံးသပ်ပြောကြားခဲ့ကြသည်။
Source :WION


LEAVE A REPLY

Please enter your comment!
Please enter your name here