ဗန်ကောက်မြို့အဝင်လမ်းမကြီးအနီး၌ ပစ်ကပ်ကားဖြင့်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၀ ဦးဖမ်းဆီးခံရ

0
336

ထိုင်းနိုင်ငံ၊အယုဒ္ဓယခရိုင်၊ဝမ်နွဲမြို့ရှိ ဗန်ကောက်မြို့အဝင်လမ်းမကြီးအနီး၌ ဇန်နဝါရီ ၂၀ ရက်ညနေပိုင်းက ပစ်ကပ်ကားဖြင့်လိုက်ပါလာသည့် တ ရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ညနေ ၅ နာရီကျော်ခန့်က အယုဒ္ဓယခရိုင်၊ဝမ်နွဲ့မြို့ရှိ ဗန်ကောက်မြို့အဝင်လမ်းမကြီးအနီး၌ ဘန်ကောက်မြို့ဘက်သို့မောင်းနှင်လာသည့် ပစ်ကပ်ကားအား အယုဒ္ဓယခရိုင်တာဝန်ရှိသူများက စစ်ဆေးရန်တားဆီးခဲ့ကြသည်။

ပစ်ကပ်ကားမှာ ရပ်တန့်ခြင်းမရှိသဖြင့် လိုက်လံဖမ်းဆီးခဲ့ကြပြီးနောက်စစ်ဆေးရာ ကားပေါ်တွင်လိုက်ပါလာသည့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုး သား ၈ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံသားများအား တင်ဆောင်လာသည့် ပစ်ကပ်ကားမောင်းသူ အသက်(၄၂) နှစ်အရွယ်ခန့်ရှိ တာ့က်ခရိုင်နေ ထိုင်းနိုင်ငံသားကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများနှင့်ပစ်ကပ်ကားမောင်းသည့် ထိုင်းနိုင်ငံသားတို့အား ဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here