မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး ကြိုးဆွဲချ‌သေဆုံး

0
284

မလေးရှားနိုင်ငံ၊ဘန်တင်းမြို့တွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့သည်ဟု နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

ကြိုးဆွဲချသေဆုံးသူသည် မကွေးတိုင်း၊မြို့သစ်မြို့နယ်၊တပ်ကုန်းကျေးရွာအုပ်စု၊ကြို့ကျောင်းကုန်းကျေးရွာမှလာရောက်သည့် ကိုဆန်းမိုးအောင်(၂၈)နှစ်ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ မိသားစုဝင်များနှင့်အသိမိတ်ဆွေများမှ နာရေးအားကူညီပေးရန် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)သို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းအား နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ ဇန်နဝါရီ ၂၁ ရက်နေ့လည် ၁ နာရီတွင် ကလန်းမြို့သုဿန်သို့ပို့ဆောင်သဂြိုလ်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here