ထိုင်းဝန်ကြီးချုပ်က တရုတ်နှစ်သစ်ကူးအတွက် ဆုမွန်ကောင်းတောင်း

0
126

ဘန်ကောက်၊ဇန်နဝါရီ ၂၂

တရုတ်ရိုးရာနှစ်သစ်ကူးပွဲအတွက် ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်းသိရှိရသည်။ယခုနှစ်သည်တရုတ်ရိုးရာယဉ်ကျေးမှုအရ ယုန်နှစ်ဖြစ်သဖြင့် ဝန်ကြီးချုပ်က ယုန်ရုပ်ကိုင်ပြီး တရုတ်ရိုးရာအင်္ကျီဝတ်ဆင်ကာ ထိုင်းနိုင်ငံအတွင်းနှင့်တရုတ်နိုင်ငံမှ တရုတ်လူမျိုးများအား နှစ်ကူးဆုမွန်ကောင်းတောင်းပေးခဲ့သည်။

ယင်းနောက်ဝန်ကြီးချုပ်က ထိုင်းနိုင်ငံအနေဖြင့် တရုတ်ခရီးသွားများအား ကြိုဆိုရန်အဆင်သင့်ရှိနေကြောင်းနှင့် နှစ်နိုင်ငံအနေဖြင့်လည်း ရှေ့လျှောက်ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများအား လက်ခံဆောင်ရွက်ရန်အသင့်ဖြစ်နေသည်ဟုလည်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်၌တရုတ်လူမျိုးအများဆုံးနေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရုတ်လူမျိုးစုစုပေါင်း ၉ သန်းနီးပါးနေထိုင်ကြသည်။ထို့အပြင်ယခုနှစ်သည် တရုတ် – ထိုင်း သံတမန်ဆက်ဆံရေး ၄၈ နှစ်ပြည့်မည့်နှစ်လည်းဖြစ်သည်။

သံတမန်ဆက်ဆံရေးကာလတစ်လျှောက်လည်း နှစ်နိုင်ငံလုံးသည် ပြည်သူများ၏အကျိုးစီးပွားအတွက် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများပိုမိုပြုလုပ်လာခဲ့ပါသည်ဟုလည်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

ထို့ပြင်ယခုနှစ်တွင်လည်း ထိုင်းနှင့်တရုတ်တို့ကြားပိုမိုပူးပေါင်းဆောင်ရွက်မှုများကို မျက်မြင်တွေ့ရှိကြရမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့ကာ တရုတ်ရိုးရာဒရမ်ကိုတီးလျက် နှစ်သစ်၌အားလုံးကျန်းမာ၊ချမ်းသာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးခဲ့သည်။

Source : China Daily


LEAVE A REPLY

Please enter your comment!
Please enter your name here