CNG အရောင်းဆိုင်များတွင် အခြားကားများနှင့်မရောဘဲ YBS ကားများကိုသာသီးသန့်ထည့်သွင်းခွင့်ပြုရန်တင်ပြထား

0
209

ရန်ကုန်တိုင်းအတွင်း၌ ခရီးသည်တင် YBS ကားများစီးရေပြည့်ပြေးဆွဲနိုင်ရန် CNG လိုအပ်ချက်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံပွဲ(၁/၂၀၂၃) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းအတွင်းမှာ CNG အသုံးပြုပြီးပြေးဆွဲပေးနေတဲ့ YBS ကားစီးရေ ၅၀၀၀ ကျော်ထဲက ၃၅၀၀ ကျော်ခန့်ပဲ နေ့စဥ်ပြေးဆွဲပေးနိုင်ပါတယ်” ဟု YRTC ၏တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

ထိုသို့ နေ့စဥ်ပြေးဆွဲပေးနေသည့် YBS ကားများနည်းပါးနေရခြင်းမှာ CNG အရောင်းဆိုင်များ၌ တန်းစီစောင့်ဆိုင်းနေရသည့် YBS ကားများသည် ကားစီရေ ၅၀၀၀ ကျော်အနက် ၂၀ ရာခိုင်နှုန်းခန့်ရှိနေခြင်းကြောင့်ဖြစ်သည်ဟု တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရသည်။

“ကားစီးရေပြည့်ပြေးဆွဲပေးနိုင်ခြင်းမရှိတဲ့အ တွက် YBS ကားတွေကို တခြားကားတွေနဲ့မရောနှောဘဲ YBS ကသီးသန့် CNG ထည့်သွင်းခွင့်ပြုဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေတဆင့် ညှိနှိုင်းပေးဖို့ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံတင်ပြထားပါတယ်”ဟု တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

ထိုသို့ တင်ပြမှုအား ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ MOGE ထံပြန်လည်စီစစ်တင်ပြရန် အကြောင်း ကြားစာပေးပို့ထားသည်ဟု တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရသည်။

YRTC ၏မီဒီယာများနှင့်တွေ့ဆုံပွဲတွင် တာဝန်ရှိသူများက ရန်ကုန်တိုင်းအတွင်း YBS ယာဉ်လိုင်းများပြေးဆွဲပေးနေမှု၊ YBS ယာဉ်လိုင်းများတွင် Telematics Device များတပ်ဆင်၍ လုယက်မှု၊ရာဇဝတ်မှုများအား Control Center မှထိန်းချုပ်ဖမ်းဆီးနေမှု၊ YBS ယာဉ်များတစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်နေမှုများအားဖမ်းဆီး၍ ပြစ်မှုပြစ်ဒဏ်ချမှတ်အရေးယူမည့်အခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့ပြင် YBS ယာဉ်များ သဘာဝဓာတ်ငွေ့(CNG) ဖြည့်တင်းရာတွင်ကြုံတွေ့ရသည့် အခက်အခဲများအားကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု၊ ရန်ကုန်မြို့ တွင်းပြေးဆွဲနေသော City Taxi များ၏ ဘေးစတေကာနံပါတ်များပြောင်းလဲပြင်ဆင်ဆောင်ရွက်သွားမည့်အခြေအနေ၊ ရန်ကုန်တိုင်းမှနိုင်ငံတစ်ဝှမ်းသို့ အဝေးပြေးယာဉ်များပြေးဆွဲပေးနေမှုတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here