ပတ်စ်ပို့များသိမ်းဆည်းခံထားရ၍ အလုပ်မဆင်းဘဲဆန္ဒပြခဲ့သည့် မြန်မာ MoU အလုပ်သမားများ မြန်မာအလုပ်သမားသံအရာရှိရုံးကညှိနှိုင်းပေး၍ ပတ်စ်ပို့ပြန်ရ

0
228

ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်(ထိုင်း) လိုင်စင်ရကုမ္ပဏီ ၂ ခုမှစေလွှတ်ခဲ့သည့် နခွန်စဝမ်မြို့၌ အလုပ်လုပ်ကိုင်နေသော မြန်မာ MoU အ လုပ်သမားများ၏ ပတ်စ်ပို့စာအုပ်များကို အလုပ် ရှင်က သိမ်းဆည်းထားခဲ့သည်ဟု ထိုင်းနိုင်ငံဆိုင် ရာ အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်(ထိုင်း) လိုင်စင်ရ Moonbeam ကုမ္ပဏီမှ အလုပ်သမား ၂၀၀ ဦး၊ New convenant ကုမ္ပဏီမှ အလုပ်သ မား ၁၀၀ ဦး(စုစုပေါင်း ၃၀၀ ဦး)တို့အား ထိုင်းနိုင်ငံ၊နခွန်စဝမ်မြို့ရှိ KVS Co., Ltd ကြက်သားစက်ရုံ၌ အလုပ်လုပ်ကိုင်ရန်စေလွှတ်ခဲ့ခြင်းဖြစ် သည်။

စက်ရုံ၌အလုပ်လုပ်ကိုင်နေစဥ် မြန်မာ MoU အလုပ်သမားများ၏ ပတ်စ်ပို့စာအုပ်များအား သိမ်းဆည်းထားသဖြင့် အလုပ်သမား ၃၀၀ ဦးက ၃ ရက်အလုပ်မဆင်းဘဲ ပတ်စ်ပို့စာအုပ်များအား မိမိတို့လက်၀ယ်၌ သိမ်းဆည်းထားနိုင်ရေးအပါအဝင် အချက် ၁၃ ချက်အား ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှတာဝန်ရှိသူများ၊ MOEAF နှင့်စေလွှတ်ခဲ့သည့် ကုမ္ပဏီတို့မှတာဝန်ရှိသူများက ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် နခွန်စဝမ်ရှိ နယ်မြေအလုပ်အကိုင်ဌာန၊နယ်မြေအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၊အလုပ်ရှင်/အလုပ် သမားများနှင့်တွေ့ဆုံညှိနှိုင်းခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၂၁ ရက်တွင်လည်း မြန်မာအလုပ် သမားသံအရာရှိရုံးမှ အလုပ်ရှင်၊ထိုင်းဌာနဆိုင်ရာများနှင့်ထပ်မံညှိနှိုင်းခဲ့သဖြင့် အလုပ်သမားများ ၏တောင်းဆိုချက်များအား အလုပ်ရှင်မှသဘော တူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here