လှော်ကားရေလှောင်ကန်မှ ရေပေးဝေသည့် ကွန်ကရိရေပိုက်ပေါက်နေခြင်းအား ပြင်ဆင်လျက်ရှိ

0
545

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၁ ခုနှင့်မြို့တွင်းမြို့နယ်များသို့ လှော်ကားရေလှောင်ကန်မှ ရေပေးဝေသည့် ၆၆ လက်မ ကွန်ကရိရေပိုက်ပေါက်နေ၍ ရန်ကုန်မြို့တော်စည်ပင်မှဝန်ထမ်းများက ပြန်လည်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေပေးဝေသည့် ၆၆ လက်မ ကွန်ကရိရေပိုက်သည် ဇန်နဝါရီ ၂၀ ရက်ည ၈ နာရီခွဲက ပိုက်ပေါက်သွားခဲ့ခြင်းဖြစ်ကာ ပြန်လည်ပြင်ဆင်နေမှုများအား ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှ ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

ရေပိုက်ပေါက်ပြင်ဆင်မှုအား ယနေ့အပြီးပြုလုပ်လျက်ရှိပြီး ပြင်ဆင်မှုများပြီးစီးပါက ရေပြန်လွှတ် ပေးသွားမည်ဖြစ်ကာ ဇန်နဝါရီ ၂၃ ရက်(မနက် ဖြန်)တွင် မြို့နယ်များ၌ ရေပြန်လည်ရရှိနိုင်​လောက်မည်ဖြစ် ကြောင်းသိရသည်။

ပြင်ဆင်နေသည့် ၆၆ လက်မ ကွန်ကရိရေပိုက်သည် လှော်ကားရေလှောင်ကန်မှတဆင့် မင်္ဂလာ ဒုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့်မြို့တွင်းမြို့နယ်များသို့ ရေပေးဝေလျက်ရှိသည့် ရေပိုက်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here