ကလီဖိုးနီးယား နှစ်ကူးပွဲ၌ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ကိုးဦးသေဆုံးကာ အများအပြားဒဏ်ရာရ

0
361

ကလီဖိုးနီးယား၊ဇန်နဝါရီ ၂၂

ကလီဖိုးနီးယားပြည်နယ် လော့ဆန်းဂျလိစ်၌ တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူကိုးဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်ရပ်သည် စနေနေ့ညပိုင်းက မွန်ထရီပန်းခြံအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရုတ်နှစ်သစ်ကူးကာလဖြစ်သဖြင့် လူအများအပြားပွဲတော်သို့လာရောက်နေချိန်ဖြစ်သည်ဟုလည်းဆိုသည်။

မျက်မြင်တွေ့ရှိသူတစ်ဦး၏ပြောကြားချက်အရ စက်သေနတ်ဖြင့်လူတစ်ယောက်ရောက်ရှိလာပြီး မြင်မြင်ရာရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တရားခံအားဖမ်းမိခြင်းရှိမရှိမသိရသေးကြောင်းသိရှိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here