လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ဓာတ်အားလိုင်းများနှင့်ဓာတ်အားခွဲရုံများ၂၁၈ ကြိမ်ဖောက်ခွဲဖျက်ဆီးခံခဲ့ရ၊လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြန်လည်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိ

0
198

PDF အဖွဲ့ဝင်များမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ဓာတ်အားလိုင်းများနှင့်ဓာတ်အားခွဲရုံများအား ၂၁၈ ကြိမ်ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပျက်စီးသွားသည်များအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှဝန်ထမ်းများက လုံခြုံရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပြန်လည်ပြင်ဆင်နေရာမှ ဇန်နဝါရီ ၂၂ ရက်တွင် PDF အဖွဲ့ဝင်များက ကယားပြည်နယ်၊လွိုင်ကော်မြို့နယ်အတွင်းရှိ ၁၃၂ ကေဗွီ ဘီလူးချောင်း (၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင် ၁ တိုင်အား ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပြိုလဲပျက်စီးသွားခဲ့ကြောင်း သိရသည်။

ယင်း ဓာတ်အားလိုင်းသည် ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ဓာတ်အားလိုင်းဖြစ်ကာ ယခုအကြိမ်အပါအဝင် ၈ ကြိမ်ရှိပြီဖြစ်ကာ တာဝါတိုင် ၂၃ တိုင်ဖျက်စီးခံခဲ့ရကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှဝန်ထမ်းများက အမြန်ဆုံးပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here