ရုံတင်ငွေ ဒေါ်လာ ၂ ဘီလီယံ ကျော်သွားပြီဖြစ်သော ဂျိမ်းစ်ကင်မရွန်၏ Avatar 2

0
325

ကမ္ဘာ့အကောင်းဆုံး ဒါရိုက်တာတစ်ဦးဖြစ်သည့် ဂျိမ်းစ်ကင်မရွန်သည် ယခုအခါတွင်လည်း မကြာသေးမီကမှ ထွက်ရှိထားသော သူ၏ ရုံတင်ဇာတ်ကားအသစ်ဖြစ်သည့် Avatar 2 ဖြင့် ​နောက်ထပ်သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။

Avatar 1 ရုံတင်ပြီးနောက် ၁၃ နှစ်အကြာမှ ပြန်လည်ထွက်ရှိလာသော Avatar 2 (The Way of Water) ၏ပြသချိန် ၃နာရီကိုပရိသတ်များတဝကြီး​ကျေနပ်စွာကြည့်ရှုကြရသည်။ ကမ္ဘာတစ်ဝန်း ရုံတင်ငွေသည်လည်း ယခုအခါ ဒေါ်လာ ၂ ဘီလီယံကျော် သွားပြီဖြစ်ကြောင်း ဒက်ခ်လိုင်း သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ စုစုပေါင်းဝင်ငွေသည် ယခုအပတ် စနေ၊ တနင်္ဂနွေ ပိတ်ရက်များအပြီး ကမ္ဘာတစ်ဝန်းရှိ လက်မှတ်ရုံများထံမှ တွက်ချက်ကောက်ယူထားခြင်း ဖြစ်သည်။

Avatar 2 သည် စတင်ရုံတင်ပြသသည့် ဒီဇင်ဘာလမှစ၍ ခြောက်ပတ် ဆက်တိုက် ဝင်ငွေအကောင်းဆုံး နံပါတ် ၁ နေရာကို သိမ်းပိုက်နိုင်ခဲ့သည့် ရုပ်ရှင်လည်းဖြစ်သည်။

ယခုထွက်ရှိထားသော Avatar 2 အပြင် ဂျိမ်းစ် ကင်မရွန်၏ Avatar 1 နှင့် Titanic တို့သည်လည်း ရုံတင်ငွေ ဒေါ်လာ ၂ ဘီလီယံ ရရှိထားသော ဇာတ်ကားများဖြစ်သည်။

ကမ္ဘာပေါ်တွင် ရုံတင်ငွေ ဒေါ်လာ ၂ ဘီလီယံကျော် ရရှိထားသော ရုပ်ရှင်ဇာတ်ကား ၆ ကားရှိရာ ထိုထဲမှ ၃ ကားမှာ ဂျိမ်းစ် ကင်မရွန် ရိုက်ကူးထားသော ဇာတ်ကားများဖြစ်ပေသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here