ထီးချိုင့်မြို့နယ် ရင်ကွဲတောင်အဆင်းလမ်း၌ ကားတစ်စီးတိမ်းမှောက် ၁၈ ဦးဒဏ်ရာရ

0
324

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်ရှိ ရင်ကွဲတောင်အဆင်းလမ်းတွင် ဇန်နဝါရီ ၂၃ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက် ၉ နာရီ ၂၅ မိနစ်ခန့်က ထီးချိုင့်မြို့ နယ်ရှိ ထီးချိုင့်-ဇီးကုန်း-ကသာသွားကားလမ်း၏ ရင်ကွဲတောင်အဆင်းတွင် အမျိုးသား၊အမျိုးသမီး ၂၀ ဦးလိုက်ပါလာသည့် ကားတိမ်းမှောက်သွားခဲ့သဖြင့် ထီးချိုင့်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ပေးခဲ့ကြသည်။

ဖြစ်စဥ်မှ ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၄ ဦးတို့မှာ(စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သဖြင့် သပိတ်ကျင်း(၇)မိုင်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြသည့် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁၀ ဦးတို့ကိုလည်း ထီးချိုင့်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here