ဆန္ဒပြမှုအတွင်း  ရဲအရာရှိတစ်ဦး၏ ရိုက်နှက်မှုကြောင့် ပြင်သစ် အမျိုးသားတစ်ဦး ငယ်ပါ ဆုံးရှုံးသွား

0
304

ပြီးခဲ့သည့် အပတ်က ပါရီမြို့၌ ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွင်း ရဲအရာရှိတစ်ဦးသည် လူငယ်တစ်ဦး၏ ပေါင်ခြံအား တုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ထိုလူငယ်၏ မျိုးပွားဥအိမ် ကို ဆရာဝန်များက ဖြတ်တောက်ခဲ့ရကြောင်း အဆိုပါ အမျိုးသား၏ ရှေ့နေက ပြောကြားခဲ့သည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့လျက်ရှိသော ဆန္ဒပြမှုများနှင့် စပ်လျဉ်းနေသည့် ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များတွင်လည်း ရဲအရာရှိတစ်ဦးသည် မြေပြင်ပေါ်တွင် လဲကျနေသော အထက်ပါလူငယ်၏ ခြေထောက်ကြားအား တုတ်ဖြင့် ရိုက်နှက်ပြီးနောက် ထွက်သွားခဲ့သည်ကို ညွှန်ပြနေသည်။

အသက် ၆၄ နှစ်မှ ပင်စင်ပေးမည့် အစိုးရ၏ အစီအစဉ်သစ် တစ်ရပ်ကို ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့က လူပေါင်း တစ်သန်းကျော် ဆန္ဒပြခဲ့စဉ် ရဲတပ်ဖွဲ့နှင့် အချေအတင် ဖြစ်ပွားခဲ့ရာမှ အဆိုပါ ဖြစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရားခံမှာ အသက် ၂၆ နှစ်အရွယ် အင်ဂျင်နီယာတစ်ဦးဖြစ်ကြောင်း ပြင်သစ်သတင်းဌာနတစ်ခုက ဖော်ပြထားသည်။ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူတို့ ထိပ်တိုက်ရင်ဆိုင်နေသည်ကို ဓာတ်ပုံရိုက်နေစဉ် ရဲတစ်ဦးက ထိုသို့ ရိုက်နှက်သွားခြင်းဖြစ်သည်ဟု ကာယကံရှင်ကိုယ်တိုင်က ပြောကြားထားသည်။

လူတစ်ဦး၏ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ဆုံးရှုံးစေခဲ့သော ပြည်သူ့အာဏာအပ်နှင်းထားသူ၏ စိတ်ဆန္ဒအလျောက် အကြမ်းဖက်ခြင်းဟူသည့် ခေါင်းစဉ်ဖြင့် အမှုသည်ကိုယ်စား တိုင်ကြားထားသည်ဟု တရားခံ၏ ရှေ့နေ လူစီ စီမွန်က ဆိုသည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here