စာအုပ်ပျောက်ဆုံးမှုနှင့် ခိုးယူမှုများပြားလာသည့်အတွက် အခမဲ့ စာထိုင်ဖတ်နိုင်သည့် အစီအစဉ်ရပ်နား

0
387

Yangon Book Plaza နှင့် WE Bookstore သုဝဏ္ဏဆိုင်တို့တွင် အခမဲ့စာထိုင်ဖတ်နိုင်ရန် စီစဉ်ပေးခဲ့သော်လည်း စာအုပ်ပျောက်ဆုံးမှုနှင့် ခိုးယူမှုများပြားလာသည့်အတွက် အခမဲ့ စာထိုင်ဖတ်နိုင်သည့် အစီအစဉ်ရပ်နားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခင်က စာအုပ်ပျောက်ဆုံးမှု အနည်းငယ်ရှိသော်လည်း စာဖတ်သူများအကျိုးကို ရှေးရှုပြီး အစီအစဉ်ကို ရပ်ဆိုင်းခဲ့ခြင်း မရှိခဲ့ကြောင်း၊ ယခုအခါ စာအုပ်ပျောက်ဆုံးမှုများ အဆမတန်များပြားလာခြင်း၊ အမှန်တကယ်စာဖတ်သူများနှင့် ရောယောင်ပြီး စာအုပ်များ ခိုးယူခြင်းတို့ အလွန်များပြားလာသည့်အတွက် ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

” စာအုပ်တွေက အခုနောက်ပိုင်းမှာဈေးတက်တာတွေရှိတယ်၊ တချို့က စာဖတ်တာ ဝါသနာပါပေမယ့် ၀ယ်မဖတ်နိုင်တဲ့အခြေအနေရှိတယ်၊ တခြားအရာတွေနဲ့ အပန်းဖြေမယ့်အတူတူ ဒီနေရာလေးမှာ စာဖတ်ပြီး အပန်းဖြေနိုင်ဖို့ ရည်ရွယ်ချက်နဲ့လုပ်ပေးခဲ့တာပါ၊ ပထပိုင်းက စာအုပ်တွေပျောက်တယ်၊ စာရင်းတွေမကိုက်လို့ သေချာစောင့်ကြည့်တယ်၊ ခိုးယူတာတွေကိုလည်း တွေ့တယ်၊ ဖမ်းမိတာတွေလည်းရှိတယ်၊ နောက်ပိုင်းမှာ စာဖတ်သူတွေနဲ့ ရောပြီး ပါလာတာတွေများလာတာကြောင့် ဒီအစီအစဉ်လေးကို ရပ်လိုက်ရတာ ဖြစ်ပါတယ်” ဟု We Destruction Yangon Book Plaza မှ မန်နေဂျာ ဒေါ်သီသီရှိန် က ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အခမဲ့ စာထိုင်ဖတ်နိုင်သည့် အစီအစဉ်ပြုလုပ်ပေးထားသည်မှာ အချိန်ကာလ ၂ နှစ်ကျော်ကြာပြီဟု သိရပြီး ယခုရပ်နားလိုက်ပြီဖြစ်ကာ အစီအစဉ် ပြန်စပါက ပြန်လည် အသိပေးမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here