စစ်ကိုင်းတိုင်း၊ကသာမြို့နယ်၊အလယ်ကျွန်းကျေးရွာရှိ စာသင်ကျောင်းနှင့်လူနေအိမ်များ ဇန်နဝါရီ ၂၃ ရက်(ယနေ့)နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များသည် ကသာမြို့နယ်၊အလယ်ကျွန်းကျေးရွာရှိ အ.ထ.က(ခွဲ)ကျောင်း(အလယ်ကျွန်း)နှင့်နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ မီးရှို့ဖျက်ဆီးခံခဲ့ရသဖြင့် စာသင်ကျောင်းနှင့်နေအိမ် ၁၁ လုံးမှာ ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မှ စာသင်ကျောင်းနှင့်နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြသူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။