တရုတ်၊တောင်အာဖရိကတို့နှင့်အတူ ရုရှားစစ်ရေးလေ့ကျင့်မည်

0
187

လာမည့်လတွင်ပြုလုပ်မည့် တရုတ်၊တောင်အာဖရိကနှင့်ရုရှားတို့၏ စစ်ရေးလေ့ကျင့်မှု၌ အသံထက်မြန်သည့်ဒုံးကျည်စနစ်တပ်ဆင်ထားသော ရုရှားစစ်သင်္ဘော Admiral Gorshkov စစ်သင်္ဘောပါဝင်လေ့ကျင့်မည်ဖြစ်ကြောင်းသိရသည်။

ယနေ့ထုတ်ပြန်သော ရုရှားနိုင်ငံပိုင် တာ့စ် သတင်းဌာန၏ထုတ်ပြန်ချက်၌ ယခုစစ်ရေးလေ့ကျင့်မှု၌ အဆိုပါဖရီးဂိတ်စစ်သင်္ဘောပါဝင်မည်ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။

Admiral Gorshkov ၌ Zircon ဒုံးကျည်များတပ်ဆင်ထားပြီး အဆိုပါဒုံးကျည်များသည် ယခုဖရီးဂိတ်စစ်သင်္ဘော၏ အဓိကအားသာချက်ဖြစ်ကာ အသံထက်ကိုးဆမြန်ပြီး ကီလိုမီတာတစ်ထောင်ကျော်(မိုင် ၆၂၀) အထိသွားနိုင်သည်ဟုဆိုသည်။

ထို့အပြင်စစ်ရေးလေ့ကျင့်မည့်သင်္ဘော၌ ၂၀၁၉ ခုနှစ်ကတည်းက တိုက်ခိုက်ရေးတာဝန်များကိုထမ်းဆောင်ခဲ့သည့် Avangard glide ယာဉ်လည်းပါရှိမည်ဖြစ်ပြီး အဆိုပါ Avangard glide သည် ၂၀၁၈ ခုနှစ်ကသမ္မတပူတင်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည့် မျိုးဆက်သစ်လက်နက်ခြောက်ခုအနက် တစ်ခုဖြစ်သည်ဟုလည်းသိရသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၇ ရက်နေ့အထိပြုလုပ်မည်ဖြစ်ပြီး တောင်အာဖရိက၊ရုရှားနှင့်တရုတ်တို့အကြား ရှိပြီးသားဆက်ဆံရေးကိုပိုမိုခိုင်မာစေရန်ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုသည်။၂၀၁၉ ခုနှစ်ကလည်း ၎င်းတို့ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ်သည်ဒုတိယအကြိမ်ဖြစ်သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here