ကျောင်းသား၊ကျောင်းသူများအား ပညာတတ်ရုံသာမက နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်များရှိအောင်သင်ကြားပေးရမည်

0
164

ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသား၊ကျောင်းသူများအား ပညာသင်ကြားရာတွင် ပညာတတ်ရုံသာမက နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်များရှိအောင် သင်ကြားပေးရမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေကမှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက ရှမ်း ပြည်နယ်/ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ကျောင်း အုပ်ကြီးများ၊ဆရာ၊ဆရာမများအား ဇန်နဝါရီ ၂၃ ရက်က တောင်ကြီးမြို့၌တွေ့ဆုံခဲ့သည်။

ဆရာ၊ဆရာမများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်သာ့် ရှမ်းပြည်နယ်တွင် ပညာတတ်များပေါ များလာစေရန် ကျောင်းသား၊ကျောင်းသူများကို စေတနာထား၍ သင်ကြားပြုစုပျိုးထောင်ပေးစေလိုသည်ဟု ပြောသည်။

“ပညာတတ်တွေပေါများစေဖို့ ကျောင်းသားမိဘတွေမှာတာဝန်ရှိသလို ဆရာ၊ဆရာမတွေမှာလည်း တာဝန်ရှိပါတယ် ပညာတတ်ရုံသာမက နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်ရှိအောင်၊ယဉ်ကျေးလိမ္မာအောင်၊ဆရာမိဘတွေအပေါ် ဂါရဝတရားထားရှိတတ်အောင်သင်ကြားပေးကြစေလိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကမှာကြားသည်။

ထို့ပြင် ပညာရေးမိသားစုအချင်းချင်းစည်းလုံးညီညွတ်စွာ ပညာရေးလုပ်ငန်းများအား လက်တွဲဆောင်ရွက်ကြရမည်ဟုလည်း မှာကြားခဲ့သည်။

ရှမ်းပြည်နယ်အတွင်းနေထိုင်သည့် လူမျိုးစု(၃၃) စု၏ မျိုးဆက်သစ်သားသမီးများ ပညာတတ်များဖြစ်စေရန် ဆရာ၊ဆရာမများအားလုံး ဝိုင်းဝန်း၍ ပြုစုပျိုးထောင်သင်ကြားပေးကြစေလိုကာ အခြေ ခံပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ပညာရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန်ပြီးမြောက်အောင်ဆောင်ရွက်ရမည်ဟု ပြောသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလော မြို့နယ်၊အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ တည်ဆောက်ပြီးစီးသည့် ကျောင်းဘောလုံးကွင်း၊အေးသာယာမြို့၊အမှတ်(၁)အခြေ ခံပညာအထက်တန်းကျောင်းတွင် တည်ဆောက်လျက်ရှိသည့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက် တန်းကျောင်းတည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here