စက်သုံးဆီစျေးနှုန်း လေးရက်ဆက်တိုက် 92 Ron တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြင့်တန့်နေ

0
166

စက်သုံးဆီစျေးနှုန်း ဇန်နဝါရီ ၂၁ ရက်မှစတင်၍ 92 Ron တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြင့် ၄ ရက် ဆက်တိုက်တန့်နေကာ ဇန်နဝါရီ ၂၄ ရက်(ယနေ့) တွင်လည်း ရန်ကုန်တိုင်းအတွင်း၌ 92 Ron တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းလက်လီစျေးနှုန်းများအရ ဇန်နဝါရီ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် 92 Ron တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၂ ရက်မှစတင်၍ ရန်ကုန်တိုင်းအတွင်း ၌ 92 Ron တစ်လီတာလျှင် ၂၀၃၅ ကျပ်ဖြင့်စတင်ရောင်းချခဲ့ရာမှ စျေးနှုန်းဆက်လက်မြင့်တက်ခဲ့ကာ လက်ရှိအချိန်တွင် ၂၃၀၅ ကျပ်အဖြစ်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျှင် ၂၃၀၅ ကျပ်၊ 95 Ron တစ်လီတာလျှင် ၂၃၈၅ ကျပ်၊ HSD(500 ppm)မှာ တစ်လီတာလျှင် ၂၄၈၀ ကျပ်၊ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျှင် ၂၅၆၀ ကျပ်တို့ဖြစ်သည်။

ထို့အတူ မန္တလေး၊နေပြည်တော်၊ပဲခူး၊မကွေး၊ပုသိမ်၊ထားဝယ်၊မုံရွာ၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီး၊လွိုင်ကော်၊မြစ်ကြီးနား၊စစ်တွေ၊ဟားခါးနှင့်ကျိုင်းတုံတို့တွင်လည်း စက်သုံးဆီစျေးနှုန်းများမြင့်တက်ခဲ့ပြီး 92 Ron တစ်လီတာလျှင် ၂၀၀၀ ကျပ်ကျော်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုပြင် ရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း၌ 92 Ron တစ်လီတာလျှင် ၂၁၉၀ ကျပ်၊ 95 Ron တစ်လီတာလျှင် ၂၂၆၇ ကျပ်၊ HSD(500 ppm) တစ်လီတာလျှင် ၂၃၆၂ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျှင် ၂၄၃၆ ကျပ်တို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here