ကမ္ဘာ့အလယ်ဗဟိုရှိ အတွင်းအူတိုင် လည်ပတ်နေမှုခေတ္တရပ်သွားနိုင်ပြီး၊ ပြောင်းပြန် လည်ပတ်သွားနိုင်ကြောင်းသိရ

0
964

လက်ရှိသုတေသနပြုချက်များအရ သန့်စင်သည့် သံသတ္တုများဖြင့် အဓိကဖွဲ့စည်းထားပြီး အကြမ်းဖျဉ်းအားဖြင့် ၇၄၆ မိုင်ခန့် အချင်းရှိသော ကမ္ဘာ့အလယ်ဗဟိုရှိ အတွင်းအူတိုင်သည် လည်ပတ်နေရာမှ ရပ်တန့်သွားနိုင်ကာ၊ ပြန်လည် လည်ပတ်သည့်အခါတွင် မူလလည်ပတ်မှု၏ ပြောင်းပြန် ပြန်လည် လည်ပတ်သွားနိုင်ကြောင်း နာဆာမှ သုတေသီတို့က ဆိုသည်။

အဆိုပါ အတွင်းအူတိုင်ကို ဝန်းရံထားသည့် အပြင်အူတိုင်မှ သတ္တုအရည်များသည် ကမ္ဘာ့သံလိုက်စက်ကွင်းကိုဖြစ်ပေါ်စေသည်။ နာဆာ၏ အဆိုအရ အပြင်အူတိုင်ရှိ သံနှင့် နီကယ်သတ္တုအရည်တို့သည် ကမ္ဘာ့ သံလိုက်စက်ကွင်းကိုဖြစ်ပေါ်စေသည့် လျှပ်စစ်စီးကြောင်းများကို ဖန်တီးကြကာ၊ အဆိုပါ သတ္တုရည်များအလယ်ရှိ အတွင်းအူတိုင်ကို သူ့အလိုအလျောက် လည်ပတ်နေစေခြင်းဖြစ်ကြောင်းသိရသည်။

သိပ္ပံပညာရှင်တို့သည် အဆိုပါ အတွင်းအူတိုင်ကို တိုက်ရိုက်ထိတွေ့လေလာ၍ မရသော်လည်း၊ မြေငလျင်ကြောင့်ဖြစ်လာသည့် ငလျင်လှိုင်းများ၊ နျူကလီးယားစမ်းသပ်မှုများ အစရှိသည်တို့ အတွင်းအူတိုင်သို့ရောက်ရှိထိခိုက်ပြီး ပဲ့တင်ထပ်လာသည့် လှိုင်းများကို ခွဲခြမ်းစိပ်ဖြာခြင်းဖြင့် လေ့လာဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here