မြန်မာ-ကာဇက်စတန်နိုင်ငံအပြင် ဒေသတွင်းနှင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်

0
301

ကာဇက်စတန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးနှင့်ကာဇက်စတန်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး H.E. Mr. Tumysh Kanat Kobylandyevich တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သံအမတ်ကြီးဦးလွင်ဦးမှ ဇန်နဝါရီ ၂၃ ရက်နံနက် ၁၁ နာရီက ဒု-ဝန်ကြီး H.E. Mr. Tumysh Kanat Kobylandyevich အား အက်စတာနာမြို့ရှိ ကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံ၍ သံအမတ်ခန့်အပ်လွှာ(မိတ္တူ) ပေးအပ်ခဲ့သည်။

တွေဆုံစဥ် မြန်မာ-ကာဇက်စတန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး၊ နှစ်နိုင်ငံကြားအပြင် ဒေသတွင်းနှင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၌ မူဘောင်များအတွင်းမှ အပြန်အလှန်အကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here