နမ္မားမြို့တွင် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီဝင်တစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

0
247

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နမ္မားမြို့တွင် ဇန်နဝါရီ ၂၄ ရက်(ယနေ့)နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ(SSP)၏ ပါတီဝင်တစ်ဦးဖြစ်သူ ဦးတင်ညွန့်(၆၅)နှစ်သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့ဝင်များသည် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ဦးတင်ညွှန့်အား ဆိုင်အတွင်းသို့ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးတင်ညွှန့်၏ ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား လူနာတင်ကားဖြင့်ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။

ဦးတင်ညွှန့်သည် ရှမ်းနီ(တိုင်းလျန်း)သွေးစည်းညီညွတ်ရေးပါတီ၏ ကချင်ပြည်နယ်၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၇)၏ ကိုယ်စားလှယ်လောင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here