မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေး

0
285

ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစောထွန်းအောင်မြင့်နှင့်ထိုင်းနိုင်ငံ၊လူမှုဘဝလုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Chuti Krairiksh တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

လန်ချန်းမြစ်နှင့် မဲခေါင်မြစ်ကြား ပူးပေါင်းဆောင်ရွက်​ရေးကို၂၀၁၆ ခုနှစ်တွင်စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

တရုတ်ပြည်ကိုဖြတ်၍ အ​ရှေ့​တောင်အာရှသို့စီးနေ​သော မြစ်ကိုတရုတ်ဖက်ခြမ်း၊ မြစ်ညာတွင် လန်ချန်း(မဲ​ခေါင်)ဟု​ခေါ်ပြီး မြစ်​ခြေရှိ ၅ နိုင်ငံဖက်စီးဆင်းနေသောအခြမ်းကိုမဲခေါင်မြစ်ဟုဆိုကြသည်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းတို့သည် မဲခေါင်မြစ်အောက်ပိုင်း ငါးနိုင်ငံဖြစ်သည်။

ထိုင်းနိုင်ငံ၊လူမှုဘဝလုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီးအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဇန်နဝါရီ ၂၄ ရက်နေ့လည် ၃ နာရီက သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ၏ ရှိရင်းစွဲဆက်ဆံရေးနှင့်မိတ်ဖက်ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်သွားရေး၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ဖလှယ်ရေး၊တိုင်းရင်းသားလူမျိုးများ အပြန်အလှန် အကျိုးကျေးဇူးရရှိရေးအတွက် နှစ်နိုင်ငံဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု၍ သာယာဝပြောရေးအား တိုးမြှင့်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်အစိုးအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကို၊ တနင်္သာရီတိုင်းအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသံအမတ်ကြီးဦးချစ်ဆွေ၊ သံမှူးကြီးဦးမော်ဗလ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ် ၊ ဒု-ညွှန်ကြားရေးမှူးချုပ်၊ ထိုင်းနိုင်ငံ၊လူမှုဘဝလုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ အမြဲတမ်အတွင်းဝန်၊ ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here