မြန်မာနိုင်ငံသား (၈) ဦးနှင့် တရုတ်လူမျိုး (၁၄) ဦးပါသည့်‌ ဟောင်ကောင်ကုန်တင် သင်္ဘောတစ်စီး တောင်ကိုရီးယားနိုင်ငံ ဂျဲဂျူးကျွန်းအနီး၌ နစ်မြုပ်

0
585

ဟောင်ကောင် မှတ်ပုံတင် ကုန်သင်္ဘောတစ်စီးသည် ယနေ့ဇန်နဝါရီလ ၂၅ ရက် နံနက်အစောပိုင်းက တောင်ကိုရီးယားနိုင်ငံ ဂျဲဂျူးကျွန်းအနီး၌ နစ်မြုပ်သွားကြောင်းသိရှိရသည်။

အဆိုပါ သင်္ဘောပေါ်၌ တရုတ်လူမျိုး (၁၄) ဦးနှင့် မြန်မာနိုင်ငံသား (၈) ဦးပါဝင်ပြီး စုစုပေါင်း (၂၂) ဦးပါရှိသည်ဟုလည်း သိရှိရသည်။

တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ဝင်များ ရောက်ရှိသွားချိန်၌ အဆိုပါသင်္ဘောသည် လုံးဝနစ်မြုပ်နေပြီဖြစ်သည်ဟုဆိုသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နေကာ အဆိုပါသင်္ဘောမှ သင်္ဘောသား (၅)ဦးကို ကနဦးကယ်ဆယ်ထားနိုင်ပြီး ကျန် (၁၇) ဦးကို ဆက်လက်ရှာဖွေရန် ဂျပန်ကမ်းရိုးတန်းတပ်ဖွဲ့နှင့် ညှိနှိုင်းလုပ်ဆောင်နေကြောင်း တောင်ကိုရီးယားကပြောကြားခဲ့သည်။

အဆိုပါသင်္ဘောသည် ဇန်နဝါရီ (၂၅) ရက် နံနက် (၁) နာရီ (၄၅) မီနစ်အချိန် ဂျဲဂျူကျွန်း ဆောဂွီဖိုမြို့ အရှေ့တောင်ပိုင်း ပင်လယ်ကမ်းခြေ ၁၄၈ ကီလိုမီတာ အကွာရှိ ပင်လယ်ပြင်၌နစ်မြုပ်သွားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here