ဒဂုံမြောက်ပိုင်းရှိ လမ်းဆုံတစ်ခုတွင် အိမ်စီးကားနှင့် Light Truck ကားတိုက်မိ

0
356

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘုရင့်နောင်လမ်းနှင့်မင်းရဲကျော်စွာလမ်းဆုံတွင် ဇန်နဝါရီ ၂၅ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီခွဲကျော်ခန့်က ဘုရင့်နောင်လမ်းနှင့်မင်းရဲကျော်စွာလမ်းဆုံတွင် Suzuki Swift ကားနှင့် Light Truck ကားတို့တိုက်မိ၍ Light ကားတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

“လမ်းဆုံမှာ တိုက်မိတာ Light Truck နောက်ခြမ်းပိုင်းကို Suzuki Swift ကားခေါင်းနဲ့ဝင်တိုက်မိတာပါ တိုက်မိတဲ့အရှိန်ကပြင်းတော့ Light Truck ကလည်ပြီးမှောက်သွားတာ ၊ကျွန်တော် အဲဒီနားကနေဖြတ်သွားတုန်း ကျွန်တော့်ရှေ့တင်ဖြစ်သွားတာ ကားတိုက်တော့ အကုန်လုံးဝိုင်းအုံလာတာနဲ့ ကျွန်တော်လည်းဆက်ပြီးမောင်းထွက်လာခဲ့တာ”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကိုဝေဖြိုးအောင်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here