ထိုင်းနိုင်ငံ တောအုပ်ထဲ၌ရပ်ထားသည့်ကားပေါ်မှ တရားမဝင် မြန်မာနိုင်ငံသား ၂၃ ဦးဖမ်းဆီးခံရ

0
240

ထိုင်းနိုင်ငံ၊ချင်းမိုင်ခရိုင်၊ချင်းဒေါင်းမြို့နယ်ရှိ တောအုပ်ထဲ၌ရပ်ထားသည့်ကားပေါ်မှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၂၃ ဦး ဇန်နဝါရီ ၂၆ ရက်(ယနေ့)နံနက်အစောပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်းက ထိုင်းတပ်မတော်မှတာဝန်ရှိသူများနှင့်ချင်းမိုင်ခရိုင်တာဝန်ရှိသူများပူးပေါင်း၍ တရားမဝင်ဝင်ရောက်လာသူများဝင်ရောက်လာမှုမရှိစေရေးအတွက် စစ်ဆေးမှုများပြုလုပ်စဥ် ချင်းဒေါင်းမြို့နယ်ရှိ တောအုပ်တစ်ခုအတွင်း၌ ရပ်ထားသည့်ကားတစ်စီးအားတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် တာဝန်ရှိသူများကစစ်ဆေးရာ ကားပေါ်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦးနှင့်အမျိုးသမီး ၁၃ ဦး(စုစုပေါင်း ၂၃ ဦး)အား တွေ့ရှိခဲ့ရသည်။

ထို့ပြင် မြန်မာနိုင်ငံသားများအား ခေါ်ဆောင်လာသူတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကာ စစ်ဆေးချက်အရ ချင်းမိုင်မြို့၌အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၀၀၀၀ မှ ၂၃၀၀၀ အထိပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းပို့ ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here