လန်ဒန်မြို့အရွယ်အစားရှိ ရေခဲတောင်တစ်ခု အန္တာတိကတွင် ပြိုကျ

0
287

အကြမ်းဖျဉ်းအားဖြင့် လန်ဒန်မြို့အရွယ်အစားခန့်ရှိသော ရေခဲတောင်တစ်ခုသည် အန္တာတိကဒေသ ဘရန့်ရေခဲတောင်တန်း(Brunt Ice Shelf)မှ တနင်္ဂနွေနေ့က ပြိုကျခဲ့ပြီး မျောလာခဲ့ကြောင်း ဗြိတိသျှအန္တာတိက သုတေသနအဖွဲ့က သတင်းထုတ်ပြန်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက ဘရန့်ရေခဲတောင်တန်းတွင် အက်ရာများစတင်တွေ့ရှိခဲ့သော်လည်း အမှတ်မထင်ပင်နေခဲ့ကြကာ၊ ပြီးခဲ့သည့် ၂ နှစ်အတွင်း ကြီးမားသော အက်ကွဲမှု ၂ ခု ထပ်မံပေါ်ပေါက်လာပြီးနောက် ယခုကဲ့သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။

ယခုပြိုကျသော ရေခဲတောင်အပိုင်းသည် စတုရန်းမိုင် ၆၀၀(၁၅၅၀ စတုရန်းကီလိုမီတာခန့်)ဧရိယာရှိသည်။

ယင်းဖြစ်ရပ်မှာ ရာသီဥတုဖောက်ပြန်ခြင်းကြောင့်မဟုတ်ပဲ၊ ဖြစ်လာမည်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်ကြောင်း သုတေသီများကဆိုသော်လည်း၊ အဆိုပါ ရေခဲတောင်ပြိုကျမှုကြောင့် အအေးပိုလာကာ ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သူများကလည်း စိုးရိမ်နေကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here