မြန်မာ-ရုရှားနှစ်နိုင်ငံကြား ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ လျှပ်စစ်၊စွမ်းအင်၊ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး

0
126

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒု-ဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့ တို့တွေ့ဆုံဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ ရုရှား – မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒု-ဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့အား ဇန်နဝါရီ ၂၆ ရက်နံနက် ၁၁ နာရီခွဲက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှုသည် (၇၅)နှစ် စိန်ရတုနှစ်ပတ် လည် ရောက်ရှိပြီဖြစ်ကာ ၂၀၂၂ ခုနှစ်၊စက်တင်ဘာလအတွင်းက ရုရှားနိုင်ငံဗလာဒီဗော့စတော့မြို့၌ပြုလုပ်ခဲ့သည့် အရှေ့ဖျားစီးပွားရေးဖိုရမ်ကာလအတွင်း နှစ်နိုင်ငံအကြီးအကဲများတွေ့ဆုံခဲ့မှုမှတစ်ဆင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် နှစ်နိုင်ငံကြား ပို့ဆောင်ရေး၊ခရီးသွားလုပ်ငန်း၊လျှပ်စစ်၊စွမ်းအင်၊ကုန်သွယ်ရေးနှင့်ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် ပြည်ထောင်စုဝန်ကြီးနှင့်ရုရှား- မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒု-ဥက္ကဋ္ဌ တို့ကဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊အဆင့်မြင့်အရာရှိကြီးများနှင့်ရုရှား- မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here