တစ်ပတ်အကြာတွင် စက်သုံးဆီဈေး ၂၃၀၀ အောက် ပြန်ရောက် ၊ (92) တစ်လီတာ ၂၂၆၅ ကျပ်ဖြင့် ရောင်းချ

0
183

တစ်ပတ်အတွင်း (92) တစ်လီတာလျင် ၂၃၀၅ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသည့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ယနေ့ ဇန်နဝါရီ (၂၇) ရက်တွင် ၂၂၆၅ ကျပ်သို့ ပြန်လည် ကျဆင်းလာကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၁) ရက် မှစတင်ကာ (၂၆) ရက်အထိ (92) တစ်လီတာ ၂၃၀၅ ကျပ်ဖြင့်ရောင်းချရန် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဈေးနှုန်းသတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် ဈေးနှုန်းပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ ဇန်နဝါရီ (၂၇) ရက်နံနက်ပိုင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ရည်ညွှန်းသတ်မှတ်ထားသည့် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ (92) တစ်လီတာ ၂၂၆၅ ကျပ်ဖြစ်ပြီး (95) တစ်လီတာ ၂၃၄၅ ကျပ် ဖြစ်ကြောင်း သိရသည် ။

ထို့အပြင် ဒီဇယ် တစ်လီတာလျင် ၂၄၄၅ ကျပ်ဖြစ်ပြီး ပရီမီယံ ဒီဇယ်တစ်လီတာလျင် ၂၅၂၅ ကျပ် ဖြစ်ဖြင့် ရောင်းချရန် ရည်ညွှန်း သတ်မှတ်ထား‌ကြောင်းလည်း သိရသည် ။

မန္တလေးတိုင်းအတွင်း ရောင်းချရမည့် စက်သုံးဆီ ဈေးနှုန်းများအနေဖြင့်လည်း (92) တစ်လီတာ ၂၃၁၅ ကျပ် ၊ (95) တစ်လီတာလျင် ၂၃၉၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျင် ၂၄၉၅ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျင် ၂၅၇၅ ကျပ် ဖြင့် ရောင်းချရန် ရည်ညွှန်းသတ်မှတ်ပေးထားကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးအထိုင် စက်သုံးဆီလက်ကားဈေးနှုန်း များအနေဖြင့် (92)တစ်လီတာလျင် ၂၁၅၄ ကျပ်နှင့် ၂၂၃၁ ကျပ် ၊ (95) တစ်လီတာလျင် ၂၂၃၁ ကျပ်နှင့် ၂၃၀၉ ကျပ် ၊ ဒီဇယ်တစ်လီတာလျင် ၂၃၂၉ ကျပ်နှင့် ၂၄၀၅ ကျပ်ဖြစ်ပြီး ပရီမီယံ ဒီဇယ်တစ်လီတာ ၂၄၀၃ ကျပ်နှင့် ၂၄၈၀ ကျပ်ဖြင့် ရောင်းချရန် အသီးသီး ရည်ညွှန်း သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here