ကစားသမားသစ် ၈ ဦးအထိ ခေါ်ယူထားတဲ့ ရှမ်းယူနိုက်တက်

0
89

မြန်မာနေရှင်နယ်လိဂ်လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ လာမယ့် ၂၀၂၃ ဘောလုံးရာသီအတွက် ပြင်ဆင်မှုများစွာပြုလုပ်နေပြီး ကစားသမားသစ် ၈ ဦးအထိ ခေါ်ယူခဲ့ပြီးပြီလို့ သိရပါတယ်။

ရှမ်းယူနိုက်တက်ဟာ ၈ ဦးမြောက် ကစားသမားသစ်အဖြစ် ကွင်းလယ် ကစားသမား မျိုးကိုထွန်း ကို ၂ ရာသီ စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်မှာ အသိပေးလာပါတယ်။

ပခုက္ကူဇာတိ ရတနာပုံအကယ်ဒမီထွက် အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမား မျိုးကိုကိုထွန်းဟာ ပြီးခဲ့တဲ့ရာသီက ရတနာပုံအသင်းမှာ ကစားခဲ့တာဖြစ်ပြီး နာမည်ကျော် ယူ ၂၀ ကမ္ဘာ့ဖလားအသင်းမှာ ပါ၀င်ခဲ့ကာ လက်ရွေးစင်အသင်းအထိ ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

” ကျနော်က အာဆင်နယ် ပရိသတ်ပါ၊ အာဆင်နယ်က ရှုံးပွဲမရှိဘဲ ချန်ပီယံ ဖြစ်ဖူးတယ်၊ ရှမ်းယူနိုက်တက်ကလည်း ရှုံးပွဲမရှိ ချန်ပီယံ၊ အဲဒီ အချက်ကို သဘောကျတယ်၊ နောက်ပြီး AFC ပွဲတွေ ကစားချင်တယ်၊ ချန်ပီယံဆုတွေထပ်ယူချင်တယ်၊ ရှမ်းအသင်းမှာ ကစားရင်ချန်ပီယံ ဖြစ်နိုင်တယ်လို့ ယုံကြည်တယ် ” လို့ မျိုးကိုကိုထွန်းက ဆိုပါတယ်။

မြန်မာနေရှင်နယ်လိဂ် ၂၀၂၃ ဘောလုံးရာသီဟာ လာမယ့် ဖေဖော်ဝါရီ ဒုတိယအပတ်မှာ စတင်တော့မှာဖြစ်တဲ့အတွက် ရှမ်းယူနိုက်တက်အသင်းဟာ ချန်ပီယံကာကွယ်ရေး စီမံကိန်းကို စတင် အသက်သွင်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ပလေယာတွေကို စာချုပ်သက်တမ်းတိုးတာ၊ ပလေယာသစ်တွေ ခေါ်တာ အစရှိတဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်နေပြီး ကစားသမားသစ် ၈ ဦိးအထိခေါ်ယူခဲ့ပြီးဖြစ်ပေမယ့် တိုက်စစ်အတွက် ပြည်ပတိုက်စစ်မှုးတဦး ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ရှမ်းယူနိုက်တက်က အသိပေးထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here