ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးပေါ် ၁၂ ဘီးကား လမ်းဘေးထိုးကျ

0
359

ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၂၇ ရက်(ယနေ့)မွန်းတည့်ပိုင်းက ၁၂ ဘီးကား လမ်းဘေးထိုးကျခဲ့ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်း-နောင်ပိန်မှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီခန့်က ကျောက်မဲမြို့နယ်၊ပြည်ထောင်စုလမ်းမကြီး၏ ပင်တိန်ကျေးရွာ၏ အခြေခံပညာစာသင်ကျောင်းအနီးတွင် ၁၂ ဘီးကားလမ်းဘေးထိုးကျကြောင်း သတင်းအရ ကမ်းလင့်လက်များလူမှုကူညီရေးအသင်း-နောင်ပိန်မှ ကူညီရန်သွားရောက်ခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ ၁၂ ဘီးကားခေါင်းခန်းအတွင်း၌ညပ်နေသည့် ကားမောင်းသူအား ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကူညီကယ်ထုတ်ပေးခဲ့ကြောင်း သိရသည်။

“ကားခေါင်းခန်းမှာခြေထောက်ညပ်နေတဲ့ ကားသမားကို ပရဟိတမင်းခေါင်အသင်းက ကယ်ထုတ်ပေးခဲ့ပါတယ် ကြီးကြီးမားမားထိခိုက်ဒဏ်ရာရတာမရှိပါဘူး ပြည်ထောင်စုလမ်းမကြီးက ကတ္တရာခင်းထားတာရယ် လမ်းကျဥ်းတာရယ်ကြောင့် ကာသမားတွေသတိထားမောင်းတာအကောင်းဆုံးပဲ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်၌ ၁၂ ဘီးကားမှာပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ပျက်စီးမှုများနှင့်လမ်းရှင်းလင်းရေးတို့အား ကမ်းလင့်လက်များလူမှုကူညီရေးအသင်း-နောင်ပိန်၏ အသင်းဝင်များက ကူညီရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

Photo-ကမ်းလင့်လက်များလူမှုကူညီရေးအသင်း-နောင်ပိန်


LEAVE A REPLY

Please enter your comment!
Please enter your name here