လှိုင်သာယာမြို့နယ်ရှိ စိန်ဂေဟာ Shopping Centre တွင် မီးလောင်မှုဖြစ်ပွားနေ

0
594

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ရန်ကုန်-ပုသိမ်သွားလမ်းမကြီးပေါ်ရှိ စိန်ဂေဟာ Shopping Centre တွင် ဇန်နဝါရီ ၂၇ ရက်(ယနေ့)ညပိုင်းက Level 3 အဆင့်မီးလောင်မှုဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ကနဦး ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ည ၇ နာရီ ၄၃ မိနစ်ခန့်မှစတင်၍ လှိုင်သာ ယာမြို့နယ်၊ရန်ကုန်-ပုသိမ်သွားလမ်းမကြီးနှင့်မဟာမင်းခေါင်လမ်းရှိ စိန်ဂေဟာ Shopping Centre တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်သော်လည်း မီးလောင်မှုမှာဆက်လက်ဖြစ်ပွားနေသဖြင့် ည ၇ နာရီ ၄၈ မိနစ်တွင် Level 1 အဆင့်ဖြင့် မြို့နယ်အချို့မှမီးသတ်ကားများ လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်ကျွမ်းမှုဆက်လက်ဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ည ၈ နာရီ ၁၃ မိနစ်၌ Level 2 အဆင့်ဖြင့် ဆက်လက်ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

“မီးကလောင်နေတုန်းပဲ မီးသတ်ကားတွေကော လူမှုကူညီရေးအသင်းကားတွေကောရောက်လာပြီးငြှိမ်းနေကြတယ် လူနာတင်ကားတွေလည်းအဆင်သင့်ထားထားတယ် လက်ရှိအချိန်ထိကတော့ ဒဏ်ရာရလူနာမရှိပါဘူး”ဟု ဝိုင်းဝန်းငြှိမ်းသတ်ပေးနေသည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here