မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင်ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊နိုင်ငံတကာမှငွေဒင်္ဂါးပြားများအား ဌာပနာတော်သွင်းလှူ

0
287

မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားအား ဇန်နဝါရီ ၂၇ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။

ကြွရောက်တော်မူလာကြသည့် ဆရာ တော်၊သံဃာတော်များက ဇယမင်္ဂလာဂါထာတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။

ရုပ်ပွားတော်မြတ်ကြီးတည်ဆောက် ရေး ဩဝါဒါစရိယဆရာတော်ကြီးနှင့် နစက ဥက္ကဋ္ဌတို့မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ဌာပနာတိုက်တော်များအတွင်းသို့ ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ရွှေငွေ ကျောက်သံ ပတ္တမြားများ၊နိုင်ငံတကာမှငွေဒင်္ဂါးပြားများထည့်သွင်းထားသည့် ဌာပနာရွှေသေတ္တာတော်များနှင့်မာရဝိဇယဗုဒ္ဓရုပ် ပွားတော်တည် ကဗ္ဗည်းမော်ကွန်းကျောက်စာတော်တို့အား သတ်မှတ်ဌာပနာတော်နေရာအသီးသီး၌ သွင်းလှူပူဇော်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here