ယူကရိန်းသို့ တင့်ကားများပို့ဆောင်ရာ လမ်းကြောင်း အခက်အခဲများရင်ဆိုင်နေရ

0
618

နေတိုးမဟာမိတ်နိုင်ငံများက ယူကရိန်းသို့ နောက်ဆုံးအကူအညီအဖြစ် တင့်ကားများပို့ဆောင်ရာ လမ်းကြောင်းတွင် အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

ထိုသို့ပို့ဆောင်သည့် ပထမအသုတ်တွင် ဂျာမန် ကျားသစ်တင့်ကားများအပါအဝင် အစီး ၄၀ ခန့်ရှိမည်ဖြစ်ပြီး၊ နွေဦးရာသီတွင် ရောက်မည်ဟုခန့်မှန်းထားသော်လည်း ထို့ထက် နောက်ကျနိုင်သည်ဟု ဆိုသည်

ယူကရိန်းက ရုရှားအား ကြီးမားသည့် နွေဦးထိုးစစ်ကို ပံ့ပိုးရန်အတွက် တင့်ကား အစီးရေ ၃၀၀ ခန့်လိုသည်ဟု ဆိုပြီး လှူဒါန်းကြရန်တောင်းဆိုထားသော်လည်း၊ ယင်းတင့်ကားများအနေဖြင့် စစ်မြေပြင်တွင် ပြတ်ပြတ်သားသား အကျိုးသက်ရောက်မှုရှိမရှိမသေချာသည့်အပြင် ယူကရိန်းတပ်ဖွဲ့များအနေဖြင့်လည်း တင့်ကားများကို အသုံးပြုရန်အတွက် လေ့ကျင့်မှုလိုအပ်နေသေးကြောင်း စစ်ရေးကျွမ်းကျင်သူတို့က ဆိုကြသည်။

ထိုသို့ တင့်ကားများ ပေးပို့မည်ဆိုခြင်းအတွက် ရုရှားက ယူကရိန်းမြို့များအား ကြာသပတေးနေ့က ဒုံးကျည်များ ဒါဇင်နှင့်ချီ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here