ပြန်​ပေးဆွဲနာမည်​ကျော် ပခုက္ကူမြို့နယ်တွင် အထည်ချုပ်စက်ရုံမှ ဝန်ထမ်းနှစ်ဦးအား ဖမ်းသွားပြီး ငွေကျပ်သိန်း ၁၀၀၀၀ အသင့်ပြင်ဆင်ထားရန် ဆက်သွယ်ပြောဆို

0
541

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ပဒိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ မန်နေဂျာဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN တို့အား PDF အဖွဲ့ဝင်များက ဇန်န ဝါရီ ၂၆ ရက်နံနက်ပိုင်း၇ နာရီ ၄၅ မိနစ်ခန့်က ​ရောက်ရှိပြီးဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

 စက်ရုံလုံခြုံရေးဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ရိုက်နှက်ကာ စက်ရုံအတွင်းဝင်ရောက်ပြီး မန်နေဂျာဦးမျိုးဇင်ဝင်းနှင့်တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN တို့အားဖမ်းဆီးခေါ်ဆောင်၍ Laptop တစ်လုံးနှင့်လုံခြုံရေးဝန်ထမ်းများ၏ ဖုန်း ၃ လုံးတို့ကိုလည်းယူဆောင်၍ မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ဖမ်းဆီးသွားသူများ၏ စေခိုင်းချက်အရ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မန်နေဂျာဦးမျိုးဇင်ဝင်းမှ စက်ရုံအတွင်းရှိ ဖုန်းတစ်လုံးအား ဆက်သွယ်၍ ငွေကျပ်သိန်း ၁၀၀၀၀ ကို အသင့်ပြင်ဆင်ထားပြီး ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ၂ ဦးအား အမြန်ဆုံးပြန်လည် ကယ်တင်နိုင်ရန်လုပ်​နေကြောင်းဆိုသည်။

အဆိုပါ အထည်ချုပ်စက်ရုံတွင် စက်ရုံတာဝန်ခံတရုတ်နိုင်ငံသား Mr. RAO MING CHUN အပါအ ဝင် တရုတ်နိုင်ငံသားအမျိုးသား ၅ ဦး၊အမျိုးသ မီး ၁ ဦးနှင့်ဝန်ထမ်း အမျိုးသား ၃၁၅ ဦး၊အမျိုး သမီး ၇၈၅ ဦး(စုစုပေါင်း ၁၁၀၀ ဦး)ရှိပြီး ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လုပ်ငန်းလည်ပတ်ကာ အဝတ်အထည်များထုတ်လုပ်၍ တရုတ်နိုင်ငံသို့ Export ပြန်လည်တင်သွင်းလျက်ရှိသည်။

ယခုကဲ့သို့ဖြစ်စဥ်များလာ​သော ပခုက္ကူတဝိုက်တွင် စီးပွား​ရေးလုပ်ငန်းများ၊ FDI ဝင်​ရောက်လာနိုင်​ခြေများ​လျော့ကျလာနိုင်သည်ဟု သုံးသပ်မူများရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here