ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ လျှပ်စစ်မီးယာယီပြတ်တောက်မည်

0
104

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ပေးထားသည့် 230 kV သပြေဝ-မြင်းခြံ (သံမဏိ) ဓာတ်အားလိုင်းအား ယနေ့နံနက် ၉ နာရီမှမွန်းလွဲ ၂ နာရီအထိ အရေးပေါ် ကြွေသီးလဲလှယ်ခြင်းပြုလုပ်သွားမည်ဟု YESC ကအသိပေးခဲ့သည်။

လုပ်ငန်းဆောင်ရွက်ချိန်၌ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်ပေးနိုင်မှု(200)MW ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဓာတ်အားပို့လွှတ်ပေးနိုင်မှုလျော့နည်းနေချိန်၌ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန် အရေးပေါ်ဝန်အားလျှော့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး အရေးကြီးနေရာများ၌ ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဟု YESC ကအသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here