နေ့စဥ် ကားမ​တော်တဆမှုများ ဖြစ်ပွား​နေသဖြင့် သတိဖြင့်​မောင်းနှင်ကြပါ

0
315

ယမန်​နေ့ (ဇန္နဝါရီ ၂၇)ည ၁၁ နာရီ ၂၀ မိနစ်ခန့်က လှိုင်မြို့နယ်၊(၁၂)ရပ်ကွက်၊ပါရမီလမ်းနှင့်မင်းဓမ္မလမ်းထောင့်မီးပွိုင့်တွင် အိမ်စီးကား ၂ စီးတိုက်မိကာ ဟာရီယာအမျိုးအစားအိမ်စီးကားမှာ သစ်ပင်နှင့်ဓာတ်တိုင်တို့အား ထပ်မံဝင်တိုက်မိခဲ့သည်။

“လူနာ ၄ ယောက်ထွက်တယ် တိုက်မိတဲ့အရှိန်နဲ့ ဟာရီယာကားက ဓာတ်တိုင်နဲ့သစ်ပင်ကိုထပ်ပြီးတိုက်မိသွားတာ အဲဒီကားပေါ်ကလူတွေညပ်နေလို့ တခြားလူမှုကူညီရေးအသင်းတွေနဲ့အတူ ကယ်ထုတ်ပေးခဲ့ပါတယ်”ဟု ရွှေရောင်သမိုင်းလူမှုအ ထောက်အကူပြုအသင်း ဥက္ကဋ္ဌကိုဇွဲရန်နိုင်ကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူ ၄ ဦးအား လူမှုကူညီရေးအသင်းကားများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ ၄ ယောက်ထဲကတစ်ယောက်သေ ဆုံးတယ်လို့ကြားတယ် အတည်ပြုလို့တော့မရပါဘူး”ဟု ကိုဇွဲရန်နိုင်ကပြောသည်။

ထို့အတူ ရန်ကုန်မြို့ရှိ ဝေဇယန္တာလမ်းမကြီးပေါ် “ချစ်သူကြီး”ဘီယာဆိုင်ရှေ့တွင် ဇန်နဝါရီ ၂၇ ရက်ညပိုင်းက ကား ၅ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း Medical လူငယ်များအသင်းမှ သိရသည်။

ယင်းနေ့ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အိမ်စီးကားတစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ ဝေဇယန္တာလမ်းမကြီး၏ “ချစ်သူကြီး”ဘီယာဆိုင်ရှေ့တွင် ရပ်ထားသည့်ကားများအား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

” ဘီယာဆိုင်က လုံခြုံရေးဝန်ထမ်းက ကားတွေသေချာရပ်လို့ရအောင်ကူညီပေးနေတဲ့အချိန် ကားတိုက်မှုဖြစ်တော့ သူ့ကိုပါထိသွားတာ၊ စိုးရိမ်ရတဲ့အခြေအနေတော့ရှိတယ် ခေါင်းကိုလည်းထိထားတယ် ၊အခင်းဖြစ်စဥ်နေရာက Orange Centre နဲ့မျက်နှာချင်းဆိုင်လမ်းဘက်မှာဖြစ်သွားတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here