ယာယီရပ်နားခဲ့ရသည့် မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်များအားလုံး ယနေ့ ပြန်လည်ပြေးဆွဲ

0
132

ရထားလမ်းတံတားမိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် ရထားပြေးဆွဲမှုများ ယာယီရပ်နားခဲ့ရသည့် မော်လမြိုင်-ရန်ကုန်သွား ရထားခရီးစဥ်များအားလုံးကို ဇန်နဝါရီ ၂၈ ရက်(ယနေ့)မှစတင်ကာ ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။

ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်မှစတင်၍ မော်လမြိုင်-ရန်ကုန် နေ့စဥ်ပြေးဆွဲလျက်ရှိသည့် အမှတ် (၉၀)အစုန်လေအိတ်ရထားသည် မော်လမြိုင်ဘူတာကြီးမှထွက်ခွာခဲ့ကြောင်း သိရသည်။

ယင်း အမှတ်(၉၀)အစုန်လေအိတ်ရထားဖြင့်လိုက်ပါမည့် ခရီးသွားများအတွက် ရထားလက်မှတ်များအား နံနက် ၆ နာရီမှစတင်၍ နံနက် ၉ နာရီအထိ မော်လမြိုင်ဘူတာကြီးရှိ နေ့ချင်းလက်မှတ်ရုံ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရက်ကြိုလက်မှတ်ဝယ်ယူလိုသည့် ခရီးသည်များအား မော်လမြိုင်ဘူတာကြီးရှိ ရက်ကြိုလက်မှတ်ရုံတွင် နံနက် ၇ နာရီမှနေ့လည် ၃ နာရီအထိ အထက်တန်းလက်မှတ်များအတွက် ၃ ရက် ကြို၊ ရိုးရိုးတန်းလက်မှတ်များအတွက် ၁ ရက်ကြို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိ ခလွန်ချောင်းကူးတံတား ဇန်နဝါရီ ၂၆ ရက်က မိုင်းထောင်ဖောက်ခွဲခံခဲ့ရပြီးနောက် ရထားလမ်းကြံ့ခိုင်မှုအခြေအနေအရ မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်များအား ဇန်နဝါရီ ၂၇ ရက်မှစတင်၍ပြေးဆွဲမှုယာယီရပ်နားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here