မွေးရာပါ ညာလက် မပြည့်စုံသော အတန်းဖော်အတွက် စက်ရုပ်လက်ဖန်တီးပေးခဲ့သော အမေရိက မှအတန်းဖေါ်ကျောင်းသားများ

0
266

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်ရှိ အထက်တန်းကျောင်းသားများသည် ညာလက် မပြည့်မစုံမွေးဖွားသော အတန်းဖော်သစ်တစ်ဦးအား စက်ရုပ်လက်ဖန်တီးပေးကာ ကူညီပေးခဲ့ကြောင်း သိရသည်။

နက်ရှဗဲလ်မြို့ အနီးရှိ ဟန်ဒါဆန် အထက်တန်းကျောင်းသို့ တက်ရောက်ခွင့်ရခဲ့သော အသက် ၁၅ နှစ်အရွယ် ဆာဂျီယို ပယ်ရာ့တာ သည် သူ၏ မွေးရာပါ ညာလက်ကြောင့် မူကြိုဘဝကတည်းက အခြားသူများ၏ မေးမြန်းခြင်းကို မကြာခဏခံခဲ့ရသဖြင့် ညာလက်ကို အမြဲဖုံးကွယ်ရန် ကြိုးစားနေခဲ့ရသူကြောင်း အင်န်ဘီအက်စ် သတင်းဌာနက ဖော်ပြထားသည်။

ဆာဂျီယို သည် ကျောင်းစတက်သည့်နေ့ကတည်းက သူ၏ ညာလက်ကို ဘယ်သူမှ သတိမထားမိအောင် ဖုံးကွယ်ခဲ့သည်။ သို့ရာတွင် ဆာဂျီယို၏ အင်ဂျင်နီယာဆရာမက ထိုအကြောင်းကို နောက်ဆုံးတွင် သိရှိသွားပြီး သူ၏ ညာလက်နှင့် ပတ်သက်၍ အတန်းဖော်များက သူ့ကို ကူညီပေးနိုင်မည်ဖြစ်ကြောင်း အာမခံခဲ့သည်။

အတန်းဖော်များသည် ဆာဂျီယိုအတွက် လေးပတ်အတွင်း ဒီဇိုင်းထုတ်၊ အရွယ်အစား တိုင်းတာကာ ရုပ်လုံးကြွ စက်ရုပ်လက်တုအား ဖန်းတီးပေးခဲ့ပြီး သူ၏ဘဝကို ပြောင်းလဲစေခဲ့သည်။

အတန်းဖော်များထံမှ အဆိုပါ စက်ရုပ်လက်ကို လက်ခံရရှိခဲ့ပြီးနောက် ညာဘက်လက်ဖြင့် ပထမဆုံးအကြိမ် ဘောလုံးကို ဖမ်းနိုင်ခဲ့ကြောင်း ဆာဂျီယိုက ပြောလာသည်။

သူ့အတန်းဖော်များထံမှ ယခုကဲ့သို့ ကြင်နာမှုနှင့် တီထွင်ဖန်တီးပေးမှုကို လက်ခံရလိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့ကြောင်း ဆာဂျီယိုက စီဘီအက်စ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

“သူတို့ကို ဆရာက မိတ်ဆက်ပေးလို့ သိခဲ့တာပါ။ ဒီလိုနဲ့ တဖြည်းဖြည်း ရင်းနှီးလာပြီး သူငယ်ချင်းတွေ ဖြစ်လာပါတယ်။ ညာလက်မပါဘဲ ၁၅ နှစ်လောက် နေထိုင်လာခဲ့ရတဲ့သူလေ၊ သူတို့က ဒီလိုမျိုး လက်နှစ်ဖက်စုံအောင် လုပ်ပေးတော့ တကယ်ကိုပျော်တာပေါ့၊ ဒါမျိုး ဘယ်သူကမှ မလုပ်ပေးဖူးပါဘူး။ ဒီလက်က ကျွန်တော့်ဘဝကို ပြောင်းလဲစေပါတယ်” ဟု ဆာဂျီယိုက ဆိုသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here