ရန်ကုန်မြို့တော်စည်ပင် မြို့တော်အသံလွှင့်လုပ်ငန်း City FM ၏(၂၁)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပြုလုပ်

0
216

ရန်ကုန်မြို့တော်စည်ပင်၊ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊မြို့တော်အသံလွှင့်လုပ်ငန်း City FM ၏(၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၂၈ ရက်နံနက် ၁၀ နာရီက ဗဟန်းမြို့နယ်၊ရွှေတောင်ကြားရပ်ကွက်၊ ပုလဲလမ်းရှိ City FM ရုံးဝင်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်တက်ရောက်လာကြသူများက ငါးပါးသီလခံယူကာ ဆရာတော်၊သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်အား ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး တာဝန်ရှိသူများမှလည်း ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ရန်ကုန်မြို့တော်စည်ပင်နှင့်ရွှေနေခြည်ဝန်ဆောင်မှုကုမ္ပဏီတို့အကျိုးတူပူးပေါင်း၍ City FM အား ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၌ ပြည်သူများသွားလာရေးအဆင်ပြေစေရန်၊ယာဥ်ကြောကြပ်တည်းမှုကိုပြေလည်စေရန်ရည်ရွယ်၍ ၂၀၀၂ ခုနှစ်၊ဇန်နဝါရီ ၁ ရက်တွင်စတင်တည်ထောင်အသံလွှင့်ခဲ့သည်။

ထိုသို့ ရည်ရွယ်တည်ထောင်ပြီးနောက် ပြည်သူများအတွက် ကျန်းမာရေး၊ဖျော်ဖြေရေး၊အားကစားနှင့်ပညာပေးအစီအစဥ်များကိုဆက်လက်ထည့်သွင်း၍ အသံလွှင့်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here