<<<< Breaking News >>>>

0
205

အိန္ဒိယလေတပ်မှ လေယာဉ်၂စင်း လေထဲတွင် တိုက်မိပြီး ပျက်ကျ

အိန္ဒိယလေတပ်မှ တိုက်လေယာဉ်နှစ်စင်းသည် မြို့တော်နယူးဒေလီ၏တောင်ဘက် ကီလိုမီတာ ၃၀၀ (၁၈၅ မိုင်ခန့်) အကွာတွင် ယနေ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ် လေထုအတွင်း တိုက်မိပြီးနောက် ပျက်ကျခဲ့သည်။

“လေယာဉ်တစ်စင်းရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး Pahadgarh တောအုပ်ထဲမှာ ဒဏ်ရာရ လေယာဉ်မှူးတစ်ဦးကို တွေ့ရှိခဲ့ပါတယ်” ဟု လေတပ်တာဝန်ရှိသူ အရာရှိ Dharmender Gaur က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

အခြားလေယာဉ်တစ်စင်းကိုရှာဖွေရန် အဖွဲ့များစေလွှတ်ထားကြောင်းသိရသည်။

ရှာဖွေတွေ့ရှိခဲ့သော တိုက်လေယာဉ်တစ်စင်းမှ အမှုထမ်းသုံးဦးအနက် နှစ်ဦးကို ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Ankit Asthana က Reuters သတင်းဌာနသို့ ပြောကြားသည်။

တတိယမြောက် လေယာဉ်အမှုထမ်း၏ အခြေအနေကို ချက်ချင်းရှင်းလင်းစွာ မသိရသေးဘဲ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးချေ။

အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်တွင် ပျက်ကျခဲ့သည့် လေယာဉ်များမှာ Sukhoi-30 နှင့် Mirage 2000 အမျိုးအစားများဖြစ်ကြကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များကို ကိုးကား၍ ANI သတင်းဌာနက တွစ်တာတွင် ဖော်ပြထားသည်။

ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here