တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)၏ ၁၁၇ နှစ်ပြည့်ပွဲတော်ကျင်းပလျက်ရှိ

0
277

ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)၏ ၁၁၇ နှစ်ပြည့်ပွဲတော်အား ဇန်နဝါရီ ၂၇ ရက်မှစတင်၍ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။

တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)၏ ၁၁၇ နှစ်ပြည့်ပွဲတော်၌ ဈေးရောင်းပွဲတော်ကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ပြီး အစားအသောက်ဆိုင်များ၊ဆေးဆိုင်များ၊စာအုပ်အရောင်းဆိုင်များ၊အဝတ်အထည်ဆိုင်များ၊အမှတ်တရလက်ဆောင်အရောင်းဆိုင်များနှင့်ကလေးကစားစရာအရုပ်ဆိုင်များပါဝင်ကြောင်း သိရသည်။

ထို့ပြင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ Education Counter ဖွင့်လှစ်၍ ပညာပေးအစီအစဉ်များနှင့် အမေးအဖြေကဏ္ဍများကိုပြုလုပ်၍ အမေးအဖြေကဏ္ဍအတွက် ဖြေဆိုမှန်ကန်သူများအား ဆုလက်ဆောင်များပေးအပ်ခဲ့သည်။

ထို့အတူ ကလေးငယ်များအတွက်ပျော်ရွှင်ဖွယ်ကစားနည်းများ၊ Game အစီအစဥ်များ၊တိရစ္ဆာန်လေးများ၏ဖျော်ဖြေမှုများ၊ Magic Show များ၊လိမ္မာသည့် တိရစ္ဆာန်‌လေးများနှင့်ဓာတ်ပုံတွဲရိုက်နိုင်သည့် အစီအစဥ်များကိုလည်း ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၏ ၁၁၇ နှစ်ပြည့် ပွဲတော်အား ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ၃ ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here